ပုံစာ- ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ပုံဟောင်း

အိုက်ပွီး၊ အောက်တိုဘာ ၁၅ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးအချင်းချင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေကို အိန္ဒိယစစ်တပ်က စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေဟာ စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ပြန်ရပြီး အိန္ဒိယနိုင်ငံ မြန်မာသံရုံးမှတဆင့် အိန္ဒိယအစိုးရရဲ့ အစီအစဥ်ဖြင့် စစ်ကောင်စီထံ ဒီနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မနက်မှာ ပြန်လွှဲပြောင်းပေးတာပါ။

“ဒီနေ့မနက် ၁၀ နာရီလောက်မှာ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေ-တမူးဘက်က ပြန်လွဲပြောင်းပေးလိုက်တာပါ။ ဖလမ်းမြို့သိမ်းတိုက်ပွဲတုန်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေပါ။ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၂၁ ယောက်ပါ။”လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီစစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖလမ်းမြို့နယ်ထဲရှိ ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF ဌာနချုပ်ကို ချင်းကာကွယ်ရေးတပ်-ဟွာငိုရမ် ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဥ် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။

“ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက CDF ဟွာငိုရမ် ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNDF က သိမ်းပိုက်ထားတုန်းက CDF- ဟွာငိုရမ် ကလည်း CNDF ဌာနချုပ်ကို ပြန်တိုက်တယ်။ CNDF ဌာနချုပ်တိုက်တုန်းက တိုက်ပွဲမှာ စစ်သုံ့ပန်းတွေက အိန္ဒိယဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သဘောပါ။” လို့ ချင်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေဟာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့၊ Saikhumphai ကျေးရွာမှာ အိန္ဒိယစစ်တပ်ဆီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။