ဓာတ်ပုံ – PPNM

အင်းငယ်၊ ဖေဖော်ဝါရီ ၁၀ ရက်

မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင် အများစုမှာ ၂၀၂၅ ခုနှစ် နှစ်စပိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်နဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက ငွေကြးလိမ်လည်မှု ကျူးလွန်နေကြတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိ သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရရှိထားတဲ့ စာရင်းအရ ပဲခူးတိုင်းရှိ ဒိုက်ဦးထောင်၊ တနင်္သာရီတိုင်းရှိ မြိတ်ထောင်၊ မန္တလေးတိုင်းရှိ အိုးဘိုထောင်နဲ့ ညောင်ဦးထောင်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်- PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အထူးသဖြင့် ထောင်ဝန်ထမ်းတွေက လုပ်တယ်ပေါ့နော်။ ထောင်အာဏာပိုင်တွေလည်း ငွေကြေး လိမ်လည်မှုတွေ ရှိပါတယ်။ ထောင်ပိုင်က ထောင်ထဲမှာ ငွေကြေး ရှာဖွေတဲ့ လမ်းကြောင်းတွေကို ဖန်တီးတာ ရှိတယ်။ အထူးသဖြင့် ထောင်ထဲမှာ ဈေးရောင်းတဲ့ကိစ္စတွေပေါ့နော်။ အဲဒီ စီးပွားရေးတွေကိုလည်း တရားဝင်ဖြစ်အောင် သူ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြုလုပ်တယ်။ ငွေကြေး လိမ်လည်တဲ့ကိစ္စတွေကတော့ အောက်ခြေဝန်ထမ်းတွေ၊ အဆောင်မှူးအဆင့်အထိကိုမှ လုပ်ဆောင်နေကြပါတယ်” လို့ ပြောပါတယ်။

ဒိုက်ဦးထောင်မှာ အိပ်ဆောင် ၄ ရဲ့ အဆောင်မှူး မျိုးသီဟအောင်က နိုင်ကျဉ်းတွေ ဆေးရုံတက်နေရတယ်လို့ ပြောဆိုကာ မိသားစုဝင်ကို မကြာခဏ ဖုန်းဆက်ပြီး ငွေကြေး တောင်းခံတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မိသားစုဝင်ဘက်က မစုံစမ်းကြဖို့နဲ့ စုံစမ်းခဲ့ရင်လည်း အမှုတွဲနောက်ထပ် ကပ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆိုပါတယ်။

အလားတူ အိုးဘိုထောင်မှာလည်း အကျဉ်းဦးစီးဌာနဝန်ထမ်းဖြစ်သူ ဆုပိုပိုလင်းက နိုင်ကျဉ်းတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုအပေါ် အခွင့်အကောင်းယူပြီး ဓာတ်ဆားထုတ် ဝယ်ဖို့အတွက် ငွေ​ ၅ သောင်းကနေ တစ်သိန်းကြား ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညောင်ဦးအကျဉ်းထောင်မှာလည်း နိုင်ငံရေး အကျဉ်းသားတစ်ဦးက ပစ္စည်းမှာခိုင်းတယ်ဆိုပြီး ဖုန်းဆက်ကာ ငွေ တောင်းခံမှု လုပ်နေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုကို ထောင်ပိုင်တွေဆီ တိုင်ကြားခဲ့ရင်လည်း တစ်စုံတစ်ရာ အရေးမယူတဲ့အပြင် တိုင်တဲ့အကျဉ်းသားကိုပါ ထပ်မံ အပြစ်ပေးတယ်လို့ PPNM ရဲ့ ရုံးတာဝန်ခံ ဆရာမလင်းက ပြောပါတယ်။

“ထောင်ပိုင်ကို ကော်ဖီထုပ်တွေနဲ့ ဝယ်စားတဲ့အခါ ကော်ဖီထုပ် ပိုတောင်းတာမျိုးကို ထောင်ပိုင် လာတုန်းက တိုင်ပြောတဲ့သူတစ်ယောက် ရှိတယ် တိုက်ပိတ်ခံရပါတယ်”

ထောင်တွင်း လာဘ်စားမှုဟာ အနည်းဆုံး ၅ သိန်းကနေ သိန်းရာဂဏန်းကျော်အထိ ရှိပြီး အကျဉ်းသား မိသားစုဝင်အနေနဲ့ ငွေလွှဲရမယ့်ကိစ္စတွေ ကြုံလာခဲ့ရင် သေချာစီစစ်ဖို့ PPNM က သတိပေးထားပါတယ်။

လက်ရှိ ကျူးလွန်မှုတွေကို အချိန်နဲ့တကွ မှတ်တမ်း ထင်ထားပြီး လာမယ့် လတွေမှာ အခြေအနေ ပိုဆိုးလာခဲ့ရင် ဓာတ်ပုံနဲ့တကွ ထုတ်ပြန်မယ်လို့ PPNM က ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။