ခိုင်လေး၊ ဇန်နဝါရီ ၂၃ ရက်၊ မကွေး

ရခိုင်-မကွေးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကနေ ထွက်‌ေပြးလာတဲ့ စစ်ကောင်စီတပ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ PRF-Magway က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုလည်း အရှင်ဖမ်းမိပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

PRF-Magway မှ တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ဂုတ်ကြီးရွာ အနောက်ဘက် မီတာ၂,၅၀၀ ခန့်အကွာမှာ ပဒါန်းဘက် တက်လာတဲ့ ခဲယမ်း တင်တဲ့ကား ၄ စီးနဲ့ အင်အား ၁၀၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်း PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၇ ရက်ကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူရွာဘက် အင်အား ၃၀ နဲ့စစ်ကြောင်း ထိုးလာတဲ့ စစ်‌တပ်ကို ခြုံခိုတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်နဲ့ မကွေးနယ်စပ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီလပိုင်းအတွင်းတပ်မ ၉၉ လက်အောက်ခံတပ်ရင်းနဲ့ ထိတွေ့မှု ဖြစ်ပွားနေပြီးတော့ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း ပိတ်ဆို့ဖမ်းဆီးတာ ရှိပါတယ်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRF-Magway)က စစ်ရေးဆိုင်ရာ ရည်မှန်းချက်အတိုင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသအထိ ထိုးစစ်အရှိန် မြှင့်တင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။