ခိုင်လေး၊ ဇန်နဝါရီ ၂၃ ရက်၊ မကွေး

ရခိုင်-မကွေးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲကနေ ထွက်‌ေပြးလာတဲ့ စစ်ကောင်စီတပ်သားကို PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ PRF-Magway က ဒီနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုလည်း အရှင်ဖမ်းမိပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်း စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

PRF-Magway မှ တာဝန်ရှိသူတစ်ဦးက “ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ဂုတ်ကြီးရွာ အနောက်ဘက် မီတာ၂,၅၀၀ ခန့်အကွာမှာ ပဒါန်းဘက် တက်လာတဲ့ ခဲယမ်း တင်တဲ့ကား ၄ စီးနဲ့ အင်အား ၁၀၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်း PRF-Magway က ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၇ ရက်ကလည်း ဂုတ်ကြီးရွာကနေ ခွန်ဇူရွာဘက် အင်အား ၃၀ နဲ့စစ်ကြောင်း ထိုးလာတဲ့ စစ်‌တပ်ကို ခြုံခိုတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်နဲ့ မကွေးနယ်စပ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး ဇန်နဝါရီလပိုင်းအတွင်းတပ်မ ၉၉ လက်အောက်ခံတပ်ရင်းနဲ့ ထိတွေ့မှု ဖြစ်ပွားနေပြီးတော့ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း ပိတ်ဆို့ဖမ်းဆီးတာ ရှိပါတယ်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRF-Magway)က စစ်ရေးဆိုင်ရာ ရည်မှန်းချက်အတိုင်း တစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိပြီး မကြာမီကာလအတွင်း မြေပြန့်ဒေသအထိ ထိုးစစ်အရှိန် မြှင့်တင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။