ပို့လဘား၊ ဇန်နဝါရီ ၁၄ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းတပ်မတော်- PNLA ရဲ့ တပ်သား ၅ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ စစ်တပ်နဲ့ PNO က စစ်ကြောင်း ထိုးလာပြီး ဆီဆိုင်မြို့နယ် ထီစုံရွာအနီး PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက “၁၂ ရက်နေ့ကတော့ တိုက်ပွဲ တစ်နေကုန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ထက်မနည်း ကျဆုံးခဲ့တယ်။ ကျနော်တို့ရဲ့ ရဲဘော်တစ်ဦးလည်း ကျဆုံးသွားတယ်။ ရဲဘော် ငါးဦးလည်း အဖမ်းခံခဲ့ရပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို တိုက်ဖြတ်နေတဲ့ တိုက်ပွဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ PNLA တပ်သား ၅ ဦးကို ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီကျော်မှာ PNO က နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို PNLA အနေနဲ့ နှိပ်စက်သတ်ဖြတ်တာမရှိဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ပေမဲ့ PNO က ဖမ်းဆီးခံရတဲ့ PNLA ရဲ့ တပ်သား ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၃ နာရီမှာလည်း ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်ကလည်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ရွာသို့ အလည်ပြန်တဲ့ PNLA တပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။