ဓာတ်ပုံ- PNLA

မိုင်းရူပ၊ ဧပြီ ၂၃ ရက်၊ မောက်မယ်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းတောင် မောက်မယ်မြို့နယ်ထဲမှာရှိတဲ့ ပအိုဝ်းတပ်မတော်- PNLO/PNLA ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဟာ ငြိမ်ချမ်းမှုကို မလိုလားကြောင်း PNLO က ပြောပါတယ်။

မနေ့ ဧပြီ ၂၂ ရက် မနက် ၈ နာရီကနေ ၁၁ နာရီအထိ မောက်မယ်မြို့နယ်ထဲမှာရှိတဲ့ နောင်ထောင်ရွာနဲ့ PNLO ရဲ့ ဌာနချုပ်ကို တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမဲ့ ငြိမ်းချမ်းမှုကို လိုလားကြောင်း မတွေ့ရဘူးလို့ PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီက အပစ်ရပ်သက်တမ်း တိုးတဲ့နေ့မှာဘဲ ကျနော်တို့ရဲ့ ဌာနချုပ်ဧရိယာမှာရှိတဲ့ ကျေးရွာတွေကို ၈၁ မမတွေ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ အသုံးပြုပြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို တစ်ကယ်လိုလားတာ မဟုတ်ဘူးဆိုတာ တွေ့နေရတယ်”

စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် PNLO ဌာနချုပ်ဧရိယာအနီးမှာရှိတဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

PNLO ရဲ့ ဌာနချုပ်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက် တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

မနေ့ဟာ စစ်ကောင်စီရဲ့ ၃ ပတ်ကြာ အပစ်ရပ်သက်တမ်း ပြည့်တဲ့နေဖြစ်ပြီး ဧပြီ ၃၀ ရက်အထိ သက်တမ်း ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက မနေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်တပ်ဟာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။