ဓာတ်ပုံ – PNLA

လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၅ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ပါတဲ့ လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ပအိုဝ်းတပ်မတော်- PNLO/PNLA က ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၂၄ ရက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို PNLA က တူးဖော်ရရှိခဲ့ပြီး အဲဒီလက်နက်ကြီးပေါ်မှာ အဆိပ်လို့ ရေးသားထားသလို အဆိပ်ထွက်ပေါက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ် ပစ်ခတ်ခဲ့တဲ့ အဆိပ်ငွေ့ ရှူမိတာကြောင့် PNLA ရဲ့ တပ်သားတချို့ အရေပြား ယားယံတာ၊ အပြင်းအထန် ဖျားနာတာနဲ့ မူးဝေအော့အန်တာတွေ ခံစားခဲ့ရတာ ရှိတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“သူတို့ အဆိပ်သုံးလာတာကတော့ အလုံးပေါင်းများစွာ ရှိပါတယ်။ ဒါက မကွဲလို့ ကျနော်တို့ တူးဖော်ရရှိတဲ့တစ်လုံးပါ။ အဲဒီအဆိပ်ငွေ့တွေ ရှူမိလို့ အပြင်းအထန် ဖျားနာတာတွေ၊ အရေပြား ယားယံတာ စတဲ့လက္ခဏာတွေ ခံစားရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်”

စစ်တပ်နဲ့ PNO က အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဆီဆိုင်မြို့နယ်မှာ နေ့စဥ် တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ မီးလောင်ဗုံးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ထောင်ကျော် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ထီစုံကျေးရွာက လူနေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။