ဓာတ်ပုံ- PNLO, PNDF-KK

မိုင်းရူပ၊ မတ်လ ၁၄ ရက်

မနေ့ မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်ရေး လိုလားကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားခဲ့ပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO နဲ့ PNFC ပူးတွဲကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့မှာ PNFC ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပအိုဝ်းတွေဟာ ပြည်ထောင်စုကို ငဲ့ခဲ့ပါတယ်။ ကျနော်တို့ကြောင့်ဆိုတာမျိုး အဖြစ်မခံချင်ခဲ့တဲ့အတွက် ပအိုဝ်းပြည်နယ်ကိစ္စကို ရင်ထဲက ရှိသော်လည်း ထုတ်မပြောခဲ့ဘူး။ ဒီကနေ့ တတိယ တော်လှန်ရေးမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ပအိုဝ်း ပြည်နယ်သစ် ပေါ်ထွန်းရေးကို ကျနော်တို့ လိုလားတယ်” လို့ ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောဆိုခဲ့ပါတယ်။

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ ရယူသွားမယ်လို့ ဦးခွန်မြင့်ထွန်းက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသားနေ့အတွက် PNFC နဲ့ PNLO ရဲ့ ပူးတွဲကြေညာချက်ထဲ ပအိုဝ်းအမျိုးသား အင်အားစုတွေအကြား စစ်ကောင်စီရဲ့ သွေးခွဲတာ ခံနေရပြီး စစ်အာဏာရှင်စနစ် သက်ဆိုးစေရှည်ဖို့ ပအိုဝ်းပြည်သူတွေ လူသားဒိုင်းအဖြစ် အသုံးချခံနေရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့- PNO ကိုလည်း တော်လှန်ရေးအဖွဲ့နဲ့ ပူးပေါင်းဖို့လည်း တိုက်တွန်းထားပါတယ်။

မနေ့ အွန်လိုင်းမှာ ကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ ကရင်အမျိုးသား အစည်းအရုံး- KNU အပါအဝင် တော်လှန်ရေးအင်အားစုရဲ့ ထိပ်ပိုင်းခေါင်းဆောင်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။