ရွှေဖီမြေ၊ ဩဂုတ် ၂၀ ရက်၊ မော်လိုက်

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ထော်သာရွာ (ပျူစောထီး)စခန်းကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်မှာ မော်လိုက်ခရိုင် တပ်ရင်း ၂၊ ၄ နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီစခန်းကို သိမ်းပိုက်ရရှိချိန်မှာ စစ်တပ်ဘက်က ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် ၆၀ မမပြောင်းနဲ့ RPG အပါအဝင် လက်နက် ၂၃ လက်၊ ခဲယမ်းတချို့နဲ့ ငွေ သိန်း ၁၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် ပျူစောထီးအဖွဲ့ဝင်ရဲ့ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တံတားဦး လေတပ်စခန်းကနေ တက်လာတဲ့ Yak-130 လေယာဉ်တစ်စီးနဲ့ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်ပေါ်ကနေလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းကို သိမ်းပိုက်‌နေစဉ်အတွင်း ချင်းတွင်းမြစ်အတိုင်း စစ်ကူလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃၀ နဲ့ တောင်းအင်ရွာကနေ အင်အား ၅၀ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဘက်က ထော်သာရွာစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။