ဓာတ်ပုံ- ပခုက္ကခရိုင် အမှတ် ၁၇ တပ်ရင်း

ရွှေဖီမြေ၊ ဧပြီ ၁၅ ရက်

မကွေးတိုင်း စလင်း-စေတုတ္တရာ လမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို ပခုက္ကူခရိုင်တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ပခုက္ကခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့ ဧပြီ ၁၄ ရက် ည ၉ နာရီခန့်မှာ ထုတ်ပြန်လာပါတယ်။

ပခုက္ကူခရိုင် တပ်ရင်းဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရခဲ့သလို ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီးတော့ လက်နက်ငယ် ၅ လက် (MA-1 ၂ လက်၊ MA-3 ၂ လက်၊ M-79 ၁ လက်)နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စခန်းသိမ်း တိုက်ပွဲကို ပခုက္ကူခရိုင် အမှတ်(၂)တပ်ရင်းမှ စစ်ကြောင်းမှူး ဦးဆောင်ပြီး ပခုက္ကူခရိုင် အမှတ် ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ တပ်ရင်း၊ မြိုင်ပကဖနဲ့ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။