ဓာတ်ပုံ- သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)

ခိုင်လေး၊ ဧပြီ ၂၃ ရက်၊ မင်းလှ

‎ပဲခူးတိုင်း မင်းလှမြို့နယ် အင်ကြင်းကုန်းအုပ်စု အညာတန်းကြီးရွာ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ “53”မြန်မာထမင်းဆိုင်မှာ စကစနဲ့ ပျူစောထီး ၂၀ ဦးခန့်ကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ ရဲဘော်‌တွေက ရှောင်တခင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎မနေ့ ဧပြီ ၂၂ ရက် မနက် ၁၀ နာရီခွဲက “53”မြန်မာထမင်းဆိုင်မှာ ထမင်းစားနေတဲ့ စကစနဲ့ ပျူစောထီးကို သာယာဝတီခရိုင် PDF က လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစနဲ့ ပျူစောထီး ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎”သတင်းရလို့သွားတာ။ သူတို့ဘက်က ပြန်ခုခံဖို့ အချိန်မရလိုက်ဘူး။ ကျနော်တို့ဘက်က တရစပ် ပစ်ခတ်တာ။ ဆိုင်ထဲမှာ ပြည်သူတွေ ရှိနေလို့ ဆိုင်ထဲက စကစတွေကိုမပစ်ဘဲ ဆိုင်ပြင်က စောင့်ကြည့်ပေးတဲ့ ပျူ ၂ ကောင်ကို အရင်ပစ်တာ။ သူတို့ပစ်ခံရတာမြင်ပြီး စကစနဲ့ပျူတွေ ထွက်ပြေးမှ လိုက်ပစ်တာ” လို့ သာယာဝတီခရိုင် (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

‎ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်မှာရှိတဲ့ ကျေးရွာက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ စစ်တပ် လာရောက်မယ်ဆိုတဲ့သတင်းကြောင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ နဲ့ ၃ မှ ရဲဘော်တွေ ‎နှစ်ဖွဲ့ခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာလို့ ဆိုပါတယ်။

‎စစ်တပ်ဘက်က အထိနာတာကြောင့် မနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က Mi-35 ရဟတ်ယာဉ်နဲ့ ရိုးမအစပ်ရှိ ဒေသခံတွေ နေထိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

‎”ဗုံး ၃ လုံးစီ ၃ ကြိမ် ၉ လုံး ကြဲတယ်။ လူအထိအခိုက် အဲမှာတော့ မကြားဘူး။ ကျောက်တံခါး တောရဘုန်းကြီးကျောင်းက နတ်နန်းတစ်ခု ပျက်စီးသွားတယ်။ အဲဘုန်းကြီးကျောင်းအပြင်က အင်တိုင်းတော ကျောက်တောင်မှာ ကား ၁ စီး လေယာဉ်နဲ့ပစ်တာ ထိသွားတယ်။ အဲကားထဲက ပြည်သူတစ်ယောက် ပြင်းထန်ဒဏ်ရာရတာ သေသွားလား မသေဘူးလားတော့ မသိရသေးဘူး”

‎ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်အနီး သွားလာနေထိုင်တာ လုံးဝ မပြုလုပ်ကြဖို့နဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်လာနိုင်တာကြောင့် သတိနဲ့ နေထိုင်ကြဖို့ အသိပေးတိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။