အိုက်ပွီး၊ မတ်လ ၂၄ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ တော်လှန်ရေး ရံပုံငွေနဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ PDF ရဲဘော်တစ်ဦး အချင်းချင်း လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ကလေးမြို့နယ်အခြေစိုက် PDF ရဲဘော် နဲ့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မတ်လ ၂၁ ရက် ည ၈ နာရီဝန်းကျင်မှာ ကလေးမြို့ထဲ ပျူစောထီးဝင်တွေတပ်စွဲထားတဲ့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းဝိုင်းမှာ ပျူစောထီး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ကြံတာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

“သူ့ကိုယ်သူ သတ်သေတယ်ဆိုပြီး သတင်းလွှင့်တယ်။ သူ့ကိုယ်သူ သတ်တယ်ဆိုရင် သေနတ်က တစ်ချက်လောက်ပဲပေါ့။ အခုက သေနတ် နှစ်ချက် ကြားရတယ်။ ပြီးတော့ အခင်းဖြစ်တဲ့ ဘုန်းကြီးကျောင်းထဲလည်း ဘယ်သူမှ ဝင်ဖို့မပေးဘူး” လို့ ကလေးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လုပ်ကြံခံရသူဟာ စစ်ကောင်စီထံ ပူးပေါင်းသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ကလေး)ရဲ့ ရဲဘော် ကိုဇင်ကိုဦးဖြစ်ပြီး သူဟာ ၂၀၂၃ ခုနှစ်တုန်းက တော်လှန်ရေး ရံပုံငွေအပြင် သေနတ်တစ်လက်နဲ့အတူ စစ်ကောင်စီထံ ပူးပေါင်းသွားတာပါ။

အလောင်းကို မိသားစုဝင်ထံ မပေးသလို အကြောင်းလည်းမကြားပဲ ညတွင်းချင်း ပြင်သာသင်္ချိုင်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်က သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။