ဓာတ်ပုံ- Google (ပုံဟောင်း)

ပျားကြီး၊ ဇန်နဝါရီ ၅ ရက်၊ ဆင်ပေါင်ဝဲ

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရန်ကုန်-တောင်တွင်းကြီး ကားလမ်းပေါ်က ကိုးပင်ရွာ လျှပ်စစ်ရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကိုးပင်လမ်းဆုံဆိုတာက မကွေးနယ်မှာအဓိကကျတဲ့နေရာတစ်ခု ဖြစ်တယ်။ အဲဒီမှာ စကစတွေက ဂိတ်ဖွင့်ပြီး ကားတွေကို ငွေညှစ်တာ။ စုစုပေါင်း ၆ ယောက် သေတယ်။ ၅ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်” လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကိုးပင်လျှပ်စစ်ရုံးကို ဝင်ရောက် စီးနင်းတိုက်ခိုက်ဖို့အတွက် ၂ နာရီနီးပါးကြာ အချိန်ယူ ချဉ်းကပ်ခဲ့ရတာဖြစ်ပြီး ရုံးရှေ့က ဘန်ကာအတွင်း ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်သား ၆ ယောက်ကို ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုဟာ ၁၅ မိနစ်ဝန်းကျင်သာ ကြာခဲ့ပြီး ဘန်ကာအတွင်း ဝိုင်းဖွဲ့ထိုင်နေသူအားလုံးကို ချေမှုန်းနိုင်ခဲ့တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ပေမဲ့ ကျန်နေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့က လိုက်လံပစ်ခတ်တာကြောင့် တရစပ် ပြန်လည်ပစ်ခတ်ပြီးမှ ဆုတ်ခွာခဲ့ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အခုလို ကိုးပင်ရွာ လျှပ်စစ်ရုံး ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)၊ နေပြည်တော် စစ်တိုင်း အမှတ် ၉၀၂ တပ်ရင်း (တောင်တွင်းကြီးတပ်ခွဲ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကိုးပင်ရွာနဲ့ မိုင် ၂၀ ဝန်းကျင်ပဲကွာဝေးတဲ့ တောင်တွင်းကြီးမြို့ပေါ်မှာလည်း ဒီဇင်ဘာ ၃၀ ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။