ဓာတ်ပုံ- Local (ပုံဟောင်း)

လွေးထွေး၊ မေလ ၇ ရက်

စစ်ကောင်စီတပ် အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် မြန်မာတစ်နိုင်ငံလုံးက အရပ်သား ၇၁ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU ရဲ့ ဒီနေ့ မေလ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ဟာ သဘာဝဘေး ကြုံနေရတဲ့ အရပ်သားတွေကို ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစုံအမျိုးမျိုးနဲ့ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။

BWU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) မဝေဝေလှိုင်က “အကြမ်းဖက် စစ်ကောင်စီဟာ သူအာဏာစသိမ်းကတည်းက အရပ်သားလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို မြင်တွေ့နေရပါတယ်။ အခုလည်း ငလျင်ဒဏ်သင့်နေချိန် ကမ္ဘာသိအောင် အပစ်ရပ် ကြေညာထားပေမဲ့ လက်တွေ့မှာ သူသည် အရပ်သားလူထုကို လေကြောင်းရော တခြားနည်းကိုပါ အသုံးပြုပြီး ဦးတည်တိုက်ခိုက်နေလို့ အမျိုးသမီးတွေဟာ သေဆုံးခဲ့ရတာ ဖြစ်တယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသွားတာအပြင် ဒဏ်ရာရတဲ့ အမျိုးသမီးလည်း ၅၀ ဦး ရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းနဲ့ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ချင်းပြည်နယ် စတဲ့နေရာဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းအမျိုးသမီးတွေဟာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ၅၉ ဦး သေဆုံးခဲ့ပြီး ၄၀ ဦး ဒဏ်ရာ ရတာ၊ လက်နက်ကြီးကြောင့် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတာ၊ သတ်ဖြတ်ခံရမှုကြောင့် ၅ ဦး သေဆုံးခဲ့တာနဲ့ မြေမြှုပ်မိုင်းကြောင့် ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာက အချက်အလက်နဲ့ မြေပြင်မှ ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပြီး ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံထားရတာကြောင့် မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့ BWU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။