ဓာတ်ပုံ- CJ (စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦး)

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်

စစ်တပ် အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ မနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ၄ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံတွေကြောင့် နိုင်ငံတစ်ဝှမ်းက အရပ်သား ၆,၂၃၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားသူ ၆ ထောင်ကျော်ထဲ ကလေး ၇၁၄ ဦးနဲ့ အမျိုးသမီး ၁ ထောင့်သုံးရာကျော် (၁,၃၉၇ ဦး)ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မနေ့ ဇန်နဝါရီ ၃၁ ရက်အထိ တစ်လအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၅၄ ဦးနဲ့ အမျိုးသား ၅၉ ဦး စုစုပေါင်း သေဆုံးသူ ၁၁၃ ဦးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက်ကလေး ၁၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အများစုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၃၅ ဦးနဲ့ သေဆုံးမှု အများဆုံးနဲ့ ကချင်ပြည်နယ်မှာ ၁၈ ဦး ဒုတိယအများဆုံးဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၄ နှစ်အတွင်း နိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေး လှုပ်ရှားသူပေါင်း ၂ သောင်း ၈ ထောင်ကျော်(၂၈,၄၄၄ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂ သောင်း ၂ ထောင်ဝန်းကျင် (၂၁,၇၂၂ ဦး)ဟာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရသူတွေထဲက ၁ သောင်းကျော် (၁၀,၂၀၉ ဦး)ဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။