ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ ဟိုပုံး

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုးကြီးပြီး လေပြင်း တိုက်ခတ်တာကြောင့် ဟိုပုံးမြို့နယ်ရှိ နောင်ဒေ၊ ပါမိုက်၊ နမ့်ခလောက် စတဲ့ကျေးရွာ ၃ ရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် နေအိမ်အမိုးတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“မိုးလည်း ရွာ၊ လေလည်း တိုက်တယ်။ သစ်ပင်ကြီးတောင်မှ အမြစ်ပါမကျန် လှန်ထွက်ကုန်တာ။ အိမ်ခေါင်မိုးတွေလည်း အကုန် လှန်ထွက်ကုန်တာ” လို့ နောင်ဒေရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေအိမ် ပျက်စီးသွားတဲ့သူတွေကို လက်ရှိအချိန်ထိ လာရောက် ကူညီပေးသူ မရှိသေးဘဲ အကူအညီ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၈ ရက်ကနေ မေလ ၃ ရက်အထိ တစ်နိုင်ငံလုံးမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး တချို့ဒေသမှာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။