ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ ဟိုပုံး

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၃ ခုမှာ မိုးသက်လေပြင်းကြောင့် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုးကြီးပြီး လေပြင်း တိုက်ခတ်တာကြောင့် ဟိုပုံးမြို့နယ်ရှိ နောင်ဒေ၊ ပါမိုက်၊ နမ့်ခလောက် စတဲ့ကျေးရွာ ၃ ရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် နေအိမ်အမိုးတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“မိုးလည်း ရွာ၊ လေလည်း တိုက်တယ်။ သစ်ပင်ကြီးတောင်မှ အမြစ်ပါမကျန် လှန်ထွက်ကုန်တာ။ အိမ်ခေါင်မိုးတွေလည်း အကုန် လှန်ထွက်ကုန်တာ” လို့ နောင်ဒေရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေအိမ် ပျက်စီးသွားတဲ့သူတွေကို လက်ရှိအချိန်ထိ လာရောက် ကူညီပေးသူ မရှိသေးဘဲ အကူအညီ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၈ ရက်ကနေ မေလ ၃ ရက်အထိ တစ်နိုင်ငံလုံးမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး တချို့ဒေသမှာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မနေ့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။