ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

မိုင်းရူပ၊ ဧပြီ ၁ ရက်၊ မန္တလေး

မန္တလေးတိုင်းအတွင်း ငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အဦးကြား ပိမိနေသူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

တရုတ်၊ ရုရှားနဲ့ အန္ဒိယနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့အပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး ငလျင် ဖြစ်ပွားတဲ့ရက်ကနေ ဒီနေ့ ဧပြီ ၁ ရက်အထိ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူ အလောင်း ၂၅၉ လောင်းကိုလည်း ထုတ်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ မီးသတ်ဦးစီးဌာနက ရရှိထားတဲ့ စာရင်းသာဖြစ်ပြီး ကျန်တဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့ ကယ်ဆယ်ရေးလုပ်ထားတဲ့စာရင်း မပါသေးတာကြောင့် မြေပြင်မှာ ဒီထက် ပိုများနိုင်ပါတယ်။

ဒီနေ့အထိ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးအင်အားတွေ မလုံလောက်တာကြောင့် အပျက်အစီးများတဲ့ နေရာတွေမှာပဲ ဦးစားပေး လုပ်နိုင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“သူဌေးတွေလည်း ကျနော်တို့နဲ့ တန်းတူ ဖြစ်ကုန်ပြီ။ အိမ်တွေပျက်တော့ လမ်းပေါ် အိပ်၊ လမ်းပေါ် စားပေါ့။ အိမ်တွေက အက်ကုန်တော့ မအိပ်ရဲကြဘူးလေ။ သာမန်အိမ်တွေဆိုရင် ကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူး။ စက်မှုကြားကဆိုရင် ဘာမှ မလုပ်နိုင်သေးဘူး။ အဲနားက အိမ်ဆောက်ပစ္စည်းဆိုင်ဆိုရင် အလုပ်သမားတွေရော ပိမိနေတာ မကယ်ထုတ်နိုင်သေးဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက လက်ရှိအခြေအနေကို ပြောပါတယ်။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်စေပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း ထိခိုက်မှု ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မနေ့ မတ်လ ၃၁ ရက်အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးနဲ့ ဒဏ်ရာရသူ ၃,၉၀၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၃၀၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။