ဓာတ်ပုံ- Google

အိုက်ပွီး၊ ဧပြီ ၂၃ ရက်၊ ပေါက်တော

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ဘက် စစ်ဘေးရှောင်ဖို့ သွားရောက်တဲ့ စစ်တွေမြို့ခံ ၃၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကလေး အမျိုးသမီးအပါအဝင် စစ်တွေဒေသခံ ၃၄ ဦးဟာ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းမှ ပေါက်တောဘက် စစ်ဘေးရှောင်ဖို့ သွားရာကနေ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

စစ်တွေ ဒေသခံတစ်ဦးက “ပေါက်တောမှာ အသိဆွေမျိုးတွေဆီ စစ်ဘေးရှောင်ဖို့ နေဖို့ သွားကြတာ ဖြစ်ပါတယ်။ အဲထဲမှာ အများစုက အမျိုးသမီးတွေ၊ ကလေးတွေချည်းပါပဲ။ သူတို့က ပွဲစားကတဆင့် သွားကြဖို့ လုပ်နေကြတာပါ။ ဆိပ်ကမ်းမှာပဲ စစ်သားတွေ၊ ရဲတွေက လာပြီး ဖမ်းခေါ်သွားကြတယ်။ အခု သူတို့ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိဘူး” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်တွေဒေသခံတွေဟာ တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်သူတွေဖြစ်သလို အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေ မရှိတဲ့အပြင် ကုန်ဈေးနှုန်း မြှင့်တက်လို့ စားဝတ်နေရေး ကျပ်တည်းတာကြောင့် ပေါက်တောဘက် ပြောင်းရွှေ့လာကြသူတွေ ဖြစ်ပါတယ်။

“စစ်တွေမြို့ထဲမှာ ဘာအလုပ်မှ မရှိဘူး။ ကုန်ဈေးနှုန်းကလည်း အရမ်းတက်တယ်။ တိုက်ပွဲကလည်း ဘယ်နေ့ ဖြစ်မလဲဆိုတာ မသိဘူး။ မိသားစု စားဝတ်နေရေးက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာ။ ပိုဆိုးတာက လွတ်လပ်သွားလာလို့မရဘူး။ မြို့ထဲမှာ ပိတ်မိနေသလို ခံစားရတယ်။ ဒါကြောင့် ဆက်နေဖို့ မထူးတော့တဲ့အတွက် ပေါက်တောဘက် ပြောင်းကြတာပါ” လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တွေမြို့ခံတွေဟာ ပေါက်တောမြို့နယ်ဘက် သွားရောက်ဖို့အတွက် ပွဲစားဆီမှာ လူတစ်ဦးကို ၁၀ သိန်းစီ ပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ သူတို့တွေကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာကို မသိရှိရတဲ့အတွက် မိသားစုဝင်က စိုးရိမ်နေကြပါတယ်။

စစ်တွေမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုထဲက မြို့တစ်မြို့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။