ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

ရွှေဖီမြေ၊ မတ်လ ၃၀ ရက်၊ ပျော်ဘွယ်

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများတဲ့ မန္တလေးတိုင်းထဲက ပျော်ဘွယ်မြို့နယ်မှာ သေဆုံးသူ အလောင်း ၁၆၀ ကျော် တွေ့ရှိထားပြီး ဒဏ်ရာရသူ ၁၁၆ ဦး ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မတ်လ ၃၀ ရက် မနက်အထိ သေဆုံးသူ ၁၆၁ ဦး၊ ဒဏ်ရာရသူ ၁၁၆ ဦး၊ စေတီ ၂ ဆူ၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ နေအိမ်အဆောက်အအုံ ၁၀၇ လုံး ပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၉ ရက် မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းမှာ သေဆုံးသူ ၈၃၈ ဦး၊ ဒဏ်ရာရရှိသူ ၁,၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးရှိနေပြီး သေဆုံးသူရဲ့ စာရင်းတွေကို ဆက်လက် ကောက်ယူနေပြီးတော့ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

မတ်လ ၂၉ ရက် ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။