ဓာတ်ပုံ – နှလုံးသားပရဟိတ

ခိုင်လေး၊ မတ်လ ၃ ရက်၊ သီပေါ

လက်ရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့က မိဘမဲ့‌ဂေဟာတွေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ နှလုံးသားပရဟိတ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

မိဘမဲ့ဂေဟာဖြစ်တဲ့ “ရင်ခွင်မဲ့သူများ” ဂေဟာမှာ ကလေးအယောက် (၂၀) နီးပါး၊ “ဆုတောင်းရာအိမ်”မှာ ကလေးငယ်အယောက် (၅၀)၊ “လီဆူပညာရေးဂေဟာ”မှာ အယောက် (၅၀) ကျော်ရှိပြီး သူတို့တွေအတွက် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

“အသက် ၃ နှစ်ကနေစပြီး ၁၆ နှစ်လောက်ထိ ရှိကြတယ်။ အလှူရှင်တွေကို မှီခိုပြီး စားနေရတဲ့ ကလေးတွေဆိုတော့ အလှူရှင်လည်း နည်းတယ်လေ။ ဟင်းဆိုရင် သူတို့စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဘဲ စားနေရတယ်။ ကြက်ဥတောင် မစားနိုင်တဲ့ ကလေးငယ်လေးတွေပါ” ဆိုပြီး နှလုံးသားပရဟိတ အဖွဲ့ခေါင်းဆောင် နေဇော်ထွန်းက ပြောပါတယ်။

ကလေးငယ်တွေက အလှူရှင်တွေရှိမှသာ အသား၊ ငါးတွေ စားရတာဖြစ်ပြီး လက်ရှိမှာ အလှူရှင်တွေ ပါးလာ‌တာကြောင့် မနက်စာကိုပဲ ကောင်းကောင်းစားရတာဖြစ်ပြီး ကျန်တဲ့ နပ်တွေမှာတော့ ဖြစ်သလိုသာ စားနေရတာဖြစ်လို့ ကလေးငယ်တချို့မှာ အာဟာရချို့တဲ့တဲ့ လက္ခဏာတွေပါ တွေ့လာရတယ်လို့ ဆိုပါတယ်။

မိဘမဲ့ကလေးငယ်တွေကို လာရောက်ကူညီ လှူဒါန်းလိုသူတွေအနေနဲ့ [email protected] ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို ကလေးငယ်တွေရဲ့ တစ်ရက်သာ ကုန်ကျငွေအားဖြင့် ၂ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။