ဓာတ်ပုံ- Google

အင်းငယ်၊ ဧပြီ ၁၇ ရက်

စစ်ကောင်စီက အကျဉ်းထောင်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းခန့်သာ ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် မနက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပြီး အကျဉ်းသားဦးရေ ၄,၈၉၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက “တစ်ယောက်မှ မလွတ်တာတော့ ဧရာဝတီတိုင်းက ထောင်တွေပေါ့နော်။ ပုသိမ်ကတောင် တစ်ယောက်ပဲလွတ်တော့ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ မအူပင် ဒီထောင်တွေမှာတော့ နိုင်ကျဉ်း မပါတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ရွှေဖီမြေ သတင်းဌာနအနေနဲ့ ကနဦး ရရှိထားတဲ့ စာရင်းအရ ပေါင်းတည် အကျဉ်းထောင်မှာ အမျိုးသား ၂ ဦး၊ ထားဝယ် အကျဉ်းထောင်မှာ အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦး၊ ပြည်အကျဉ်းထောင်မှာ အမျိုးသား ၅ ဦးနဲ့အမျိုးသမီး ၄ ဦး၊ ပခုက္ကူအကျဉ်းထောင်မှာ အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၁ ဦး၊ ညောင်ဦးအကျဉ်းထောင်မှာ အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၂ ဦး၊ ပုသိမ်အကျဉ်းထောင်မှာတစ်ဦး (ကျားမ အတည်မပြုနိုင်) လွတ်မြောက်လာတယ်လို့ သိရပါတယ်။

“အကျဉ်းထောင်ထဲမှာ နိုင်ကျဉ်းများများ ရှိခြင်းဟာ အရေးကြုံလာရင် သူတို့အတွက် ထွက်ပေါက် အများကြီး ရနိုင်တယ်ပေါ့နော်။ ဒါကြောင့်လည်း ပြန်ပေးဆွဲတဲ့အနေနဲ့ ဖမ်းထားတာလို့ ပြောချင်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ မြေပြင်အခြေအနေမှာ အရေးမသာသေးတာကြောင့် နိုင်ကျဉ်းတွေကို ပြန်မလွှတ်ပေးနိုင်တာ ဖြစ်နိုင်တယ်လို့လည်း နိုင်ကျဉ်းဟောင်းတချို့ဆီက သိရပါတယ်။

စစ်အာဏာသိမ်းကာလ အစပိုင်းတုန်းက စစ်ကောင်စီဟာ နိုင်ကျဉ်းတွေကို အကျဉ်းထောင်ထဲ လုံလုံလောက်လောက် ထားနိုင်ဖို့အတွက် တခြား အကျဉ်းသားတွေကို သောင်းဂဏန်းအထိ ပြန်လွှတ်ပေးခဲ့ပြီး သေဒဏ်ကနေ လျှော့ရက် ပေးတာ၊ နှစ်ကြီးကျ အကျဉ်းသားတွေကို နှစ် ၂၀ အထိ လျှော့ချပေးတာတွေလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။