ဓာတ်ပုံ- Local

မိုင်းရူပ၊ ဇန်နဝါရီ ၇ ရက်၊ တောင်ကြီး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေပြီး တစ်ရက်ကို မိနစ်ပိုင်းသာ ပေးနိုင်တော့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်တွေမှာ တစ်ရက်ကို နာရီပိုင်းအထိ လျှပ်စစ်မီး ပေးနိုင်ပေမဲ့ ဒီရက်ပိုင်းမှာတော့ တစ်ရက်ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားသာ ပေးနိုင်တော့တယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီရက်ပိုင်းဆို မီးပျက်တဲ့အချိန်က များနေတယ်။ ကျနော်တို့ဆို မီး မမြင်ရတာ ၃ ရက် ရှိပြီ။ တချို့ရက်တွေဆို ၁၀ မိနစ် လာတာ ရှိတယ်။ တချို့ရက်ဆို ၁၅ မိနစ် လာတာ ရှိတယ်”

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ချက်ပြုတ်ရေးအပါအဝင် လျှပ်စစ်မီးကို အားထားပြီး လုပ်နေရတဲ့ လုပ်ငန်းတွေမှာလည်း အခက်အခဲ ကြုံနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကြီးအပြင် နိုင်ငံတဝန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ဆိုးဆိုးဝါးဝါးပြတ်တောက်နေပြီး တစ်ရက်ကို မိနစ်ပိုင်းသာ ပေးနိုင်တော့တဲ့အခြေအနေ ဖြစ်နေပါတယ်။

စစ်ကောင်စီဘက်က လျှပ်စစ်မီး မပေးနိုင်တာကြောင့် လူထုအပြင် စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာပါ စစ်ကောင်စီကို ဝေဖန်ရေးသားပြောဆိုနေတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား တစ်ရက်ကို (၂,၂၀၀)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ဖြန့်ဖြူးပေးနိုင်တာလို့ မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။