ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ မေလ ၂၀ ရက်၊ မိုးမိတ်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးနှင်လာတဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင် မကျီးပင်ကျေးရွာရဲ့ အနောက်ဘက်မှာ ဓာတ်ဆီကုန်လို့ ဆိုင်ကယ်တွန်းလာတဲ့ အမျိုးသား ၁ ဦးရဲ့ အနောက်ကို ကားတစ်စီးက ဝင်တိုက်လိုက်တာကြောင့် ဆိုင်ကယ်တွန်းလာတဲ့ အမျိုးသားဟာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဖြစ်စဉ်က ညနေပိုင်း ၆ နာရီဝန်းကျင်လောက် မကျီးပင်ကျေးရွာရဲ့ အနောက်ဘက်မှာ အဲ့ဒီအမျိုးသားက ဓာတ်ဆီကုန်လို့ ဆိုင်ကယ်တွန်းလာတာ အဲ့ဒါကို ကားတစ်စီးက ‌အနောက်ကနေဝင်တိုက်တာ ဆိုင်ကယ်တွန်းလာတဲ့ အမျိုးသားကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်”

ယာဉ်တိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ဦးနိုင်စောဦး ဆိုတဲ့သူဖြစ်ပြီး မ‌န္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ နေထိုင်တဲ့သူ ဖြစ်ပါတယ်။

ဆိုင်ကယ်ကို ဝင်တိုက်လိုက်တဲ့ ကားသမားဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်-PDF အဖွဲ့ကဖြစ်တယ်လို့ ဒေသခံတွေပြော‌ပေမဲ့ ‌ရွှေဖီမြေအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။

ယာဉ်တိုက်မှုဖြစ်ပွားပြီးသေဆုံးသွားခဲ့တဲ့ အမျိုးသားအတွက် အဆိုပါကားပိုင်ရှင်က မှားယွင်းကြောင်းဝန်ခံပြီး ပိုက်ဆံ သိန်း ၂၀ နဲ့ ကြေအေးခိုင်းပြီး‌တော့ လက်မှတ်ရေးထိုးခဲ့တယ်လို့ အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

အခုလို လက်နက်ကိုင်ဆောင်ပြီး ဆုံးဖြတ်ချက်ချတာဟာ ပြည်သူတွေအတွက် တရားမျှတမှုမရှိတာကြောင့် တရားမျှတမှုအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဖြေရှင်းပေးစေချင်တယ်လို့ ၎င်းအမျိုးသားက ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။