ဓာတ်ပုံ- Google

မြတ်နိုး၊ ဇန်နဝါရီ ၉ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ အခြေစိုက် စစ်ကောင်စီ တပ်စခန်း ၃ ခုကို တစ်ချိန်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မနေ့ ဇန်နဝါရီ ၈ ရက် ညမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားကန့်မြို့နယ် ဘွမ်နန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ညက လေယာဉ်နဲ့ ဗုံး ၂ ကြိမ် လာကြဲသွားတာ ဟုတ်တယ်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ယောက် သေဆုံးသွားတယ်။ အမျိုးသမီး နှစ်ယောက်လည်း ဒဏ်ရာ ရတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဗုံးဟာ ဈေးဆိုင်တန်းငယ်တွေရှိတဲ့အနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ထဲက အမျိုးသမီးတွေ ထိခိုက်သေဆုံးသွားတာဖြစ်ပြီး ဆိုင် ၃ ဆိုင်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“မနေ့ည ၁၀ နာရီ မိနစ် ၅၀ လောက်က လာကြဲတာပါ။ ၂ ကြိမ်ပါ။ အရင်က KIA တပ်မဟာ ၉၊ တပ်ရင်း ၆ ရဲ့ စခန်း အဟောင်းနားလေ” လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရပြီဆိုရင် အခုလို စစ်နဲ့မဆိုင်တဲ့နေရာ၊ စစ်ရှုံးခဲ့တဲ့နေရာ၊ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့တဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ ရှိတာကြောင့် ဒေသခံတွေအနေနဲ့ သတိလက်လွှတ်မနေသင့်ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ ဂေါက်ကွင်းနဲ့ မစိုးရိမ်ကျောင်းတိုက်ဘက်မှာ Y-12 လေယာဥ်နဲ့ ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနဲ့ မော်တော်ယာဥ် ၁ စီး ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။