ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတဲ့ နေအိမ်၊ အဆောက်အဦးမှာ ပိတ်မိနေတဲ့ လူထုတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်တဲ့ဒေသမှာ မတ်လ ၃၀ ရက်ကစပြီး ၂ ပတ် ကြာတဲ့အထိ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်လာပါတယ်။

NUG ထိန်းချုပ်နယ်မြေမှာလည်း ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ INGOs တွေ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်း လုပ်နိုင်ဖို့ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ယာယီ ကယ်ဆယ်ကုသရေးစခန်း ဖွင့်လှစ်ရေးကို NUG ဘက်က တာဝန်ယူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာလည်း လုံခြုံရေး အာမခံချက်ရှိရင် CDM ကျွမ်းကျင်ဝန်ထမ်းအနေနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေး၊ ကုသရေးလုပ်ငန်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ဘေးသင့်သူတွေကို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ INGOs တွေ အမြန်ဆုံး ကူညီပေးဖို့ တောင်းဆိုထားပြီး တိုင်းရင်းသားလူထုအနေနဲ့လည်း ငလျင်ဘေးသင့် လူထုတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ NUG နဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မနေ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁,၆၄၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။