ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတဲ့ နေအိမ်၊ အဆောက်အဦးမှာ ပိတ်မိနေတဲ့ လူထုတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်တဲ့ဒေသမှာ မတ်လ ၃၀ ရက်ကစပြီး ၂ ပတ် ကြာတဲ့အထိ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်လာပါတယ်။

NUG ထိန်းချုပ်နယ်မြေမှာလည်း ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ INGOs တွေ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကုသရေးလုပ်ငန်း လုပ်နိုင်ဖို့ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ယာယီ ကယ်ဆယ်ကုသရေးစခန်း ဖွင့်လှစ်ရေးကို NUG ဘက်က တာဝန်ယူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာလည်း လုံခြုံရေး အာမခံချက်ရှိရင် CDM ကျွမ်းကျင်ဝန်ထမ်းအနေနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး အရေးပေါ်ကယ်ဆယ်ရေး၊ ကုသရေးလုပ်ငန်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ဘေးသင့်သူတွေကို ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ INGOs တွေ အမြန်ဆုံး ကူညီပေးဖို့ တောင်းဆိုထားပြီး တိုင်းရင်းသားလူထုအနေနဲ့လည်း ငလျင်ဘေးသင့် လူထုတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ NUG နဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မနေ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁,၆၄၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။