ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ မတ်လ ၁၇ ရက်

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အခု ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်အထိ ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက ကလေး (၃၇၂) ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ မတ်လ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကို မဟာဗျူဟာ တရပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေတာကြောင့် ကလေးသူငယ် အပါအဝင် အရပ်သားလူထုတွေရဲ့အသက် ဆုံးရှုံးနေရတာဖြစ်ပြီး NUG အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရက်တွေကို ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်တာနဲ့ ကလေးသူငယ်တွေအပေါ် ထိခိုက်သေကြေစေနိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရက်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေက တားမြစ်ထားတဲ့ အချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေကို ကာကွယ်ပေးရမယ့်အချက်တွေ ကျူးလွန်ဖောက်ဖျက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်တွေရဲ့ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နဲ့ ကာကွယ်မှု ရရှိပိုင်ခွင့်တွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံတွေကို NUG က တိုက်တွန်းထားပါတယ်။

မနေ့ မတ်လ ၁၆ ရက် ညနေ ၅ နာရီခွဲမှာလည်း နောင်ချိုမြို့မှာရှိတဲ့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင် ၉ ပါးနဲ့ ဦးဇင်းတစ်ပါးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ မတ်လ ၁၇ ရက်မှာလည်း နောင်ချိုမြို့ ကျောက်ကြမ်းဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။