ဓာတ်ပုံ – TLEC

မိုင်းပန်ပျော်၊ ဧပြီလ ၈ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာ Non-CDM တွေအနေနဲ့ ပညာရေးနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီလို့ နမ့်ခမ်းမြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းမြို့မှာ တအာင်းပြည်ပညာရေးကောင်စီ-TLEC က ဖော်ဆောင်နေတဲ့ ပညာရေးကဏ္ဍတွေမှာ Non-CDM ဝန်ထမ်း‌တွေ လုံးဝပတ်သက်ခွင့်မပြုထားတာကြောင့် မူကြိုကျောင်း၊ စာကျက်ဝိုင်း၊ ကျူရှင်၊ ဘော်ဒါဆောင်၊ ကိုယ်ပိုင်ကျောင်းနဲ့ ဘာ‌သာရေးအခြေပြုကျောင်းတွေ ဖွင့်လှစ်တာကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့အချိန်မှာ Non-CDM တွေက အခွင့်ကောင်းယူပြီး စစ်ကောင်စီနဲ့ လက်တွဲပြီး လုပ်ငန်းတွေဖော်ဆောင်တာရှိ‌နေတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းတာဖြစ်တယ်လို့ နမ့်ခမ်းမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို‌ ပြောပါတယ်။

“Non-CDM တွေက သူတို့ဖော်ဆောင်နေတဲ့ပညာရေးကို ဆက်သွယ်မှုတွေမရှိဘဲနဲ့ သူတို့ဘာသာသူတို့လုပ်တဲ့အတွက်ကြောင့် ကျနော်တို့လုံးဝခွင့်ပြုပေးမှာမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့လုပ်တဲ့လုပ်ရပ်ကတော့ ကလေး‌တွေခေါ်စုပြီးတော့ ကျနော်တို့နဲ့ မချိတ်ဆက်ဘူး။ စာရင်းလာမသွင်းဘူး။ သူတို့ရတဲ့စာရင်းတွေကို စစ်ကောင်စီနဲ့ လက်တွဲထားတဲ့ အပိုင်းတွေရှိတာပေါ့နော်။ အဲ့ကြောင့် ဒီကိစ္စတွေဟာ ကျနော်တို့ စစ်ကောင်စီကို တော်လှန်နေတဲ့အချိန်မှာ သူတို့ကကြားမှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တစ်ခုအဖြစ်ရပ်တည်ပြီးတော့မှ သူတို့လုပ်ချင်တာလုပ် အဲ့လိုလာလုပ်တော့ ကျနော်တို့လုံးဝလက်ခံမှာမဟုတ်ဘူး”

Non-CDM တွေဟာ ပညာရေးလုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ထုတ်ပြန်ထားတဲ့အတိုင်း မလိုက်ရင် အရေးယူသွားမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို့ဟာပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် ဒီဇင်ဘာ ၁၈ ရက်မှာ တအာင်းတပ်မတော်-TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး အခုလက်ရှိ အုပ်‌ချုပ်ရေးယန္တရား ဖော်ဆောင်လာတာ ၁ ‌နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။