ဓာတ်ပုံ – Local

မြတ်နိုး၊ ဩဂုတ် ၉ ရက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ တစ်ပတ်အတွင်း အရပ်သား ၉ ဦးခန့် သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ အရပ်သား ပြည်သူတွေ ထိသွားတာ များတယ်။ ပွဲချင်းပြီး ဆုံးတာ ရှိတယ်။ တချို့က ထိခိုက်ဒဏ်ရာရပြီး ဆေးကုရင်း သေဆုံးတာ ရှိတယ်။” လို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကနေ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့အထိ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသူ ၉ အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အယောက် ၃၀ ကျော်တယ်လို့ ဆိုပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း “နေ့တိုင်း တိုက်ပွဲဖြစ်နေတာ။ မနေ့ညရော အခုရော ဖြစ်နေတာ မနားသေးဘူး။” လို့ ပြောပါတယ်။

စစ်‌ကောင်စီတပ်ဘက်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်တာဖြစ်ပြီး ရှရော်ခ၊ မြောက်ဖြူ၊ ယူမာ၊ဆိုင်းတောင်၊ ဆန်းကြွယ် စတဲ့ရွာတွေမှာ အများဆုံးထိခိုက်ကြောင်းလည်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ကာမိုင်း – ဖားကန့်လမ်းကနေ ကုန်စည်တွေကို သယ်ဆောင်ခွင့်ပြုပေမယ့် ဆန်ကိုတော့ နယ်/လုံရဲ့ ခွင့်ပြုချက်ရမှသာ သယ်ခွင့်ရတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။