ဓာတ်ပုံ – CJ

ပျားကြီး၊ ဇူလိုင် ၇၊ ဆားလင်းကြီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံ ၄၀၀၀ နီးပါးဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

ဇွန်လကုန်ပိုင်းကစပြီး လက်ပံတောင်းဒေသကထွက်ကြေးနီတွေသယ်ယူဖို့ ချင်းတွင်းမြစ်အတွင်းဆိုက်ကပ်ထားတဲ့ စစ်ကောင်စီရဲ့သင်္ဘောအုပ်စုကိုအကာအကွယ်ပေးနိုင်ဖို့အတွက် အနီးအနားကျေးရွာတွေကိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

“ဒီနေ့ ၂ စီးထွက်သွားတယ်။ ဒါပေမဲ့ အောက်ပိုင်းကနေ သင်္ဘောတွေဆက်တက်လာတယ်လို့ကြားထားတယ်။ မုံရွာဖက်ကလည်း လက်နက်ကြီးနဲ့ထုတယ်။ Paramoter တွေကလည်း ခေါင်းပေါ်မှာ။ လမ်းပေါ်မှားလည်းကင်းပုန်းတွေရှိတယ်။ ဒီကြားထဲစစ်ကြောင်းကလည်းထိုးပြီး မည်းမည်းမြင်ရာပစ်နေတော့ သက်ကြီးရွယ်အိုတွေပါခေါ်ပြီးပြေးရတာပေါ့”လို့ စစ်ရှောင်ကူညီပေးနေသူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ညောင်ပင်ကြီး၊ ကျော်ရွာစတဲ့ ကျေးရွာတွေအပါအဝင် လက်ပံတောင်းတောင်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ကျေးရွာပေါင်း ၅ ရွာထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ပံတောင်းဒေသကထွက်တဲ့ စစ်ကောင်စီနဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ကြေးနီတွေကို အရင်က မော်တော်ယာဥ်တွေနဲ့သယ်ယူလေ့ရှိပေမဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့မကြာခဏတိုက်ခိုက်မှုကိုခံရတာကြောင့်နောက်ပိုင်းမှာ အခုလို ချင်းတွင်းမြစ်ရေတက်ချိန်မှာ စစ်သင်္ဘောတွေ ခြံရံပြီး သံခွံဖလက်သင်္ဘောတွေနဲ့ ကြေးနီတွေကိုသယ်ယူနေတာဖြစ်ပါတယ်။

ကြေးနီသယ်ယူမှုတွေဟာ အနည်းဆုံးရက်ပေါင်း ၃၀ ကနေ ၅၀ အထိကြာလေ့ရှိတာကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးခက်ခဲမှုတွေကြုံရလေ့ရှိတာတွေ့ရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။