ဓာတ်ပုံ- DPLA

အင်းငယ်၊ ဇန်နဝါရီ ၁၂ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ဇန်နဝါရီ ၁၀ ရက် ၁၁ ရက် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကျောက်ဂူဒေသမှာ ဒီဇင်ဘာ ၉ ရက်ကနေ ဒီနေ့ ဇန်ဝါရီ ၁၂ ရက်အထိ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ဘက်က အရေးနိမ့်တာကြောင့် လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုလာတာ ဖြစ်ပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က “လက်နက်ကြီး လေယာဉ်တွေ ပစ်ခံရတာကတော့ အများဆုံးက ဒီကျောက်ဂူဒေသတစ်ဝိုက်က ကျေးရွာတွေ ဖြစ်မယ်။ ကျောက်ဂူ၊ ပယင်းကုန်း၊ ထမင်းပေါင်းတို့ပေါ့။ အားလုံးဆို ၄ ထောင်နီးပါး (စစ်ရှောင်)လောက် ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က ကျောက်ဂူဒေသအခြေစိုက် အမြှောက်တပ်ရင်း (အမတ ၃၄၉)ကနေ ပစ်ခတ်နေပြီး မြေပြင်အခြေအနေ ရှုပ်ထွေးနေဆဲ ဖြစ်တာကြောင့် ထိခိုက်မှု သိရှိနိုင်ဖို့အတွက် ရွှေဖီမြေ သတင်းဌာနအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“ကျနော်တို့လည်း ဒဏ်ရာရရှိမှု ထိခိုက်မှုတွေတော့ အနည်းငယ် ရှိတယ်ဗျာ့။ စစ်ကောင်စီကတော့ သိရသလောက်ဆိုရင်တော့ ဒီဇင်ဘာ ၉ ရက်နေ့ စဖြစ်ကတည်းကဆိုရင်တော့ ၆၀ ဝန်းကျင် ကျဆုံးမှု ရှိတယ်” လို့ ကိုအမောင်က ဆက်ပြောပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံမှာ ကုသပေးနေပြီး ပအိုဝ်းပြည်သူ့စစ်- PNA နဲ့ ရှမ်းပြည်တပ်မတော်- RCSS/SSA ကလည်း စစ်တပ် ယူနီဖောင်း ပြောင်းဝတ်ပြီး အင်အား ဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ဇန်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အမတ ၃၄၉ အပါအဝင် တောင်ထိပ်နဲ့ အင်တောရွာကြားက စစ်စခန်းကို DPLA က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က တုန့်ပြန်တဲ့အနေနဲ့ လက်နက်ကြီး၊ လေကြောင်း အသုံးပြုလာတာလို့လည်း မြေပြင်သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

လက်ရှိ အခြေနေအရ စစ်တပ်က အင်အားနေ့စဉ် ဖြည့်တင်းနေပြီး လက်နက်ကြီးနဲ့ လေကြောင်း နောက်ထပ် အသုံးပြုလာနိုင်တာကြောင့် တိမ်းရှောင်နေသူတွေအနေနဲ့ နေရပ်သို့ မပြန်လာကြသေးဖို့၊ လက်ရှိ နေထိုင်နေသူတွေလည်း ဘေးလွတ်ရာ အမြန်ဆုံး ရှောင်ကြဖို့ DPLF တပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။