ဓာတ်ပုံ- ကွတ်ခိုင်မြို့သိမ်းတုန်းက ဖမ်းဆီးရမိတဲ့ သူခိုးတွေ (ပုံဟောင်း)

ရွှေဖီမြေ၊ နိုဝင်ဘာ ၄ ရက်၊ ကွတ်ခိုင်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက် ညက တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ အချုပ်ခန်းကနေ အချုပ်သား ၃၇ ဦး ထောင်ဖောက်ပြေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ အချုပ်ခန်းကို လုံခြုံရေး ပေးနေတဲ့ ကင်းသမား အပြောင်းအလဲ လုပ်နေချိန် အချုပ်သားတွေ ထောင်ဖောက်ပြေးခဲ့ကြတာလို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောဆိုပါတယ်။

“ကင်းသမားတွေ လူအချိန်းအပြောင်း လုပ်နေတဲ့အချိန် အပြင်မှာ ထုတ်ထားတဲ့ တရားခံတွေက တံခါးသော့ကို ရိုက်ချိုးပြီးတော့မှ အပေါက် ပွင့်သွားပြီးတော့မှ အထဲကလူတွေ ထွက်ပြေးသွားကြတာ”

နိုဝင်ဘာ ၂ ရက်မှာ ထွက်ပြေးသွားတဲ့ အချုပ်သား ၃၇ ဦးထဲက ၁ ဦးကိုတော့ ပစ်ခတ်နိုင်ပေမဲ့ ကျန်အချုပ်သားတွေက ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အချုပ်ခန်းထဲ အချုပ်သားတချို့ ကျန်ရှိနေဆဲဖြစ်ပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံအများစုဟာ ခိုးဆိုးလုနှိုက်သူတွေ ဖြစ်ကြတယ်လို့ ပြောဆိုပေမဲ့ TNLA ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။