ရွှေဖီမြေ၊ မတ်လ ၂၃ ရက်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၄ နှစ်ကာလအတွင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ သောင်း ၈ ထောင်ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ ၂ သောင်း ၈‌ ထောင်ကျော်ထဲမှာ ၂ သောင်း ၂ ထောင်‌ကျော်က ဒီနေ့ဒီအချိန်အထိ ထောင်ဒဏ်ချမှတ်ခံထားရဆဲလို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၄ နှစ်ကျော်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသား ၂၀၁၉ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်နဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ပြီး မြန်မာပြည်သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ AAPP ရဲ့ မတ်လ ၂၃ ရက် ၂၅ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မတ်လ ၂၁ ရက်အထိ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် နိုင်ငံတစ်ဝှမ်းက လူပေါင်း ၆ ထောင်ကျော် (၆၄၃၅) ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃ သောင်းနီးပါး (၂၈,၉၁၀) ဦးရှိပြီး အဲဒီအထဲ (၂၂,၁၂၃) ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူတွေထဲက (၁၀,၆၉၇) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။