ရွှေဖီမြေ၊ မတ်လ ၂၃ ရက်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၄ နှစ်ကာလအတွင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ သောင်း ၈ ထောင်ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ ၂ သောင်း ၈‌ ထောင်ကျော်ထဲမှာ ၂ သောင်း ၂ ထောင်‌ကျော်က ဒီနေ့ဒီအချိန်အထိ ထောင်ဒဏ်ချမှတ်ခံထားရဆဲလို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၄ နှစ်ကျော်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသား ၂၀၁၉ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်နဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၄၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့ပြီး မြန်မာပြည်သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ AAPP ရဲ့ မတ်လ ၂၃ ရက် ၂၅ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မတ်လ ၂၁ ရက်အထိ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် နိုင်ငံတစ်ဝှမ်းက လူပေါင်း ၆ ထောင်ကျော် (၆၄၃၅) ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃ သောင်းနီးပါး (၂၈,၉၁၀) ဦးရှိပြီး အဲဒီအထဲ (၂၂,၁၂၃) ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူတွေထဲက (၁၀,၆၉၇) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။