ဓာတ်ပုံ- CJ

ပျားကြီး၊ မတ်လ ၁၅ ရက်၊ ပွင့်ဖြူ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်မြောက်ဖက် မုန်းဇလဲရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၁,၅၀၀ နီးပါးဟာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

မတ်လ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အသက် ၇၀ ဝန်းကျင်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာမှာရှိတဲ့ နေအိမ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

“မီးလောင်တာက အိမ်ခြေ ၃၈၀ နီးပါးလောက် ရှိမယ်။ မီး မကူးဖို့ ဖျက်ပစ်လိုက်ရတဲ့ အိမ်တွေလည်း ရှိတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတယ်။ အလှူကလည်း ရှိနေတော့ အိမ်တွေမှာ လူမရှိလို့ ဘာမှမရလိုက်ကြတဲ့သူချည်းပဲ။ အကုန်လုံး ဆုံးရှုံးတာပေါ့” လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိတဲ့ မုန်းဇလဲကျေးရွာဟာ မီးလောင်မှုကြောင့် နေအိမ်စုစုပေါင်း ၄၂၀ ပျက်စီးဆုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန် နွားနဲ့ ဝက်အကောင်ရေ ၂၀ နီးပါးလည်း သေကြေပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီမီးလောင်မှုဟာ ဒေသတွင်းမှာ စစ်ကြောင်းထိုးပြီး ရွာစဥ်ပတ် မီးရှို့နေတဲ့ စစ်ကောင်စီတပ်ရဲ့လက်ချက် မဟုတ်ဘဲ ပေါ့ဆမီးကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

လတ်တလောမှာ မီးဘေးသင့် ဒေသခံတွေက ကျေးရွာအပြင်နဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။