ဓာတ်ပုံ – ပုံဟောင်း

ပို့လဘား၊ နိုဝင်ဘာ ၁၇ ရက်၊ မကွေး

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁သောင်း နီးပါး ဘေးလွတ်ရာ‌နေရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၆ရက်က ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းထိုးလာတာကြောင့် ကျေးရွာ၂၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “မနေ့က ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ဘက်ကို သူတို့စစ်ကြောင်းဝင်ရောက်လာပြီးတော့ ဒေသခံ ၁သောင်းထက်မနည်းထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲဒီမြိုင် စက်မှုစုန် ၂ ထဲကိုလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတာရှိတယ်။ အဲနေရာမှာ သူတို့လှုပ်ရှားမှုရှိတယ်။ ဒေသခံတွေကိုလည်း ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ ” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် မြိုင်မြို့နယ် ဝက်ပုတ်၊ ဝါးရင်းချိုင်၊ ကျွဲတွင်းရွာ၊ ဆိပ်တောင်၊ တောင်ရိုးစတဲ့ ကျေးရွာတွေနဲ့ ပေါက်မြို့နယ်က ဆေးပင်ကြီး၊ ကမ္ဘားဖြူ၊ ကန်သစ်၊ ထန်းပေါက်၊ ဖလံကန်စတဲ့ ကျေးရွာတွေဟာ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်ထဲကိုလည်း စစ်‌ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၁၆ ရက် ည ၇နာရီ‌ခွဲကျော်မှာ Y-12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးသီး (၆၆)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း မြိုင်မြို့နယ် စက်မှုန်ဇုန်၂ ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဝက်ပုတ်ရွာအနီးရှိ ရွာတန်းရှည်ရွာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။