ရွှေဖီမြေ၊ မတ်လ ၂ ရက်၊ ပန်လုံ

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံဒေသမှာ နေထိုင်သူတွေဟာ သောက်သုံးရေ သွယ်တန်းဖို့အတွက် အခက်အခဲ ကြုံနေရပြီး အဝီစိ မတူးနိုင်သူတွေဟာ ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့နေရာကနေ ရေ သွားခပ်နေကြရပါတယ်။

ပန်လုံဒေသခံ ဦးခမ်းအွယ်က “ကျနော်တို့ရွာက ရေ အရမ်းလိုအပ်တယ်။ ရွာမှာ ရေမရှိတော့ ပြောင်းခြံထဲမှာ သွားခပ်နေရတယ်။ အရမ်းဝေးတော့ ပင်ပန်းတယ်” လို့ ပြောပါတယ်။

ကျေးရွာအတွင်း ရန်ပုံငွေ စုဆောင်းခဲ့ပေမဲ့ ရေသွယ်တန်းဖို့အတွက် မလုံလောက်သေးတာကြောင့် ရေသွယ်မယ့်လုပ်ငန်းကို မလုပ်နိုင်သေးဘဲ ရပ်တန့်ထားရပါတယ်။

ကျေးရွာအတွင်း ရေ အခက်အခဲကြောင့် ကျေးရွာအတွင်း သာရေး၊ နာရေးအတွက် အခက်အခဲရှိသလို မီးဘေးအန္တရာယ် ကာကွယ်ဖို့အတွက်လည်း အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

“နွေရာသီမှာတော့ ရေမရှိတော့ မီးလောင်ရင် ဒုက္ခရောက်တယ်။ မီးဘေးမဖြစ်အောင် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပြီး အမြဲသတိထားနေရတယ်” လို့ သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က Welt Hunger Hilfe- WHH အဖွဲ့က ကျေးရွာအတွင်း ရေရရှိရေး စီမံကိန်းတစ်ခု လုပ်ဆောင်ပေးခဲ့ပေမဲ့ ရေဖြန့်ရေးစနစ် မှားယွင်းမှုကြောင့် ပျက်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ရေဖြန့်ဝေရေး စနစ်တကျ ဖြစ်စေဖို့ သက်ဆိုင်ရာ အုပ်ချုပ်သူအဖွဲ့အနေနဲ့ စနစ်တကျ စီမံဆောင်ရွက်ပေးဖို့ ရွာခံတွေက လိုလားနေကြပါတယ်။

ကျေးရွာ ရေကော်မတီ ဦးရွှေခမ်းက “ပန်လုံကျေးရွာမှာ ရေပိုက် အကူအညီ လိုအပ်ပေမဲ့ ရေဖြန့်ဝေစနစ် ကောင်းဖို့လည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ နွေရာသီကာလ ရောက်လာပြီ ဖြစ်တဲ့အတွက် ရေ ရှားပါးမှုပြဿနာ ကြုံမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။