ဓာတ်ပုံ – TNLA

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- TNLA ရဲ့ တပ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာက အသက် ၄၅ နှစ်အရွယ် ရွာအုပ်ချုပ်ရေးမှူး တာနိုင်ကျင်နဲ့ တာအနေအျကို TNLA တပ်သားက လာရောက် တောင်းပန်ခဲ့ပြီး နှစ်ဦးနှစ်ဖက်အကြား ပြေလည်မှု ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညမှာ TNLA ဗျူဟာ (၄)ရဲ့ ဗျူဟာမှူးနဲ့ ရွာခံ ၂ ဦးကို ရိုက်နှက်ခဲ့တဲ့ တပ်ရင်း (၄၄၁)ရဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ တပ်သား ၂ ဦးကိုယ်တိုင် ရိုက်နှက်ခံခဲ့ရတဲ့ ရွာခံနှစ်ဦးကို ရပ်ရွာလူကြီးရဲ့ ရှေ့မှာ လာရောက်ကန်တော့ပြီး တောင်းပန်ခဲ့တယ်လို့ ရိုက်နှက်ခံခဲ့ရတဲ့ တာနိုင်ကျင်က ပြောပါတယ်။

“ပိုက်ဆံ ၅ သိန်း ထည့်ပြီးတော့ လာကန်တော့ပြီး တောင်းပန်တာပေါ့။ ရိုက်တဲ့သူတွေကတော့ စကားတစ်ခွန်းမှတော့ မပြောဘူး။ ဒီအတိုင်းပဲ ကန်တော့တာ။ သူတို့စိတ်ထဲ ကျေနပ်လား မကျေနပ်လားတော့ မသိဘူးလေ။ သူတို့ရဲ့ အထက်လူကြီးက သူတို့ကို ကန်တော့ခိုင်းတော့ ကန်တော့ရတာပေါ့။ ခွင့်လွှတ်ပေးဖို့ ဘာညာလည်း သူတို့နဲ့ ပါလာတဲ့ သူတို့အထက်လူကြီးကပဲ အကုန်ပြောတာ။ ရိုက်တဲ့သူတွေကိုယ်တိုင်ကတော့ ဘာမှမပြောဘူး”

လက်ရှိမှာ ဒဏ်ရာရတဲ့ ရွာခံ ၂ ဦးကို TNLA ဘက်က အခမဲ့ ဆေးကုပေးမှာဖြစ်တဲ့အပြင် ကားသမားတွေဆီကနေ ကောက်ခံထားတဲ့ ငွေတွေကိုလည်း ပြန်ပေးဖို့နဲ့ နောက်နောင် ဒေသခံနဲ့ TNLA တပ်သားကြား အခုလိုကိစ္စ ထပ်မဖြစ်ရအောင် TNLA တပ်သားတွေအနေနဲ့ အကူအညီ တစ်စုံတစ်ရာ လိုအပ်လာရင် ရွာတာဝန်ရှိသူနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးမယ်လို့ ပြောခဲ့တဲ့အကြောင်းကိုလည်း တာနိုင်ကျင်က အခုလို ဆက်ပြောပြပါတယ်။

“နောက်နောင် အကူအညီလိုရင် ရွာကတာဝန်ရှိသူတွေနဲ့ အရင်တွေ့ဆုံ ဆွေးနွေးမယ်လို့တော့ ပြောသွားပါတယ်။ ကျနော်တို့ဘက်ကလည်း အဲလိုဖြစ်စေချင်တာပေါ့။ အခုသူတို့ လုပ်သွားတဲ့ပုံစံကတော့ အဆင်မပြေဘူးလေ။ ရိုက်ခံခဲ့ရတဲ့ ကျနော်တို့ ကာယကံရှင်တွေကတော့ နာတာပေါ့။ အခုချိန်ထိ ခြေထောက်က ထောနဲ့ထောနဲ့ပဲ သွားနေရတာ။ မျက်နှာတွေ နားထင်တွေကလည်း အခုထိ ကိုက်နေတုန်းပဲ။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်ဘူးလေ။ ဆေးရုံသွားပြရင် ပိုက်ဆံ ပေးစရာ မလိုဘူးလို့တော့ ပြောပါတယ်။ ဆေးဖိုးတော့ မလိုပေမဲ့ လမ်းစရိတ် စားစရိတ်တွေကတော့ လိုတာပဲလေ”

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မိုင်းဝီးရှိ TNLA ရဲ့ ဗျူဟာ(၄) လက်အောက်ခံ တပ်ရင်း(၄၄၁) တပ်ရင်းမှူးက ရပ်ရွာလုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦးကို အထက်ပန်ယုတ်ရွာထဲက ကားရှိတဲ့ နေအိမ်တွေကို ဟင်းဖိုးဆိုပြီး တစ်အိမ် ၅ သောင်း သွားတောင်းခိုင်းရာကနေ ရွာခံနဲ့ အငြင်းပွားမှုဖြစ်ပြီး တာနိုင်ကျင်နဲ့ တာအနေအျတို့ ဖမ်းဆီးရိုက်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ရွာခံ ၂ ဦးကို ရိုက်နှက်ခဲ့တဲ့ TNLA တပ်သားတွေကိုတော့ စစ်စည်းကမ်း ဥပဒေအရ အပြစ်ပေး အရေးယူထားတယ်လို့ TNLA ရဲ့ ရပ်ရွာလုံခြုံရေးဌာနရဲ့ ဌာနမှူးဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ TNLA က အပြီးသတ်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။