ဓာတ်ပုံ- Google

လွေးထွေး၊ ဇန်နဝါရီ ၈ ရက်၊ နမ့်ဆန်

မိုးနဲ့ ဆောင်းရာသီမှာ ကမျဉ်းနီကောင် ပိုကိုက်ခံရတတ်တဲ့ ရာသီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နမ့်ဆန်မြို့နယ်က အသက် ၄ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ နမ့်ဆန်မှ အထက်တန်းသူနာပြု ဒေါ်ခင်အုံးကြည်က ရွှေဖီမြေကို ပြောပါတယ်။

ကမျဉ်းနီကောင်ဟာ လူတွေရဲ့ အသားနုတဲ့ အပိုင်းဖြစ်တဲ့ ပေါင်အရင်း၊ ဂျိုင်း၊ လည်ပင်းနဲ့ ဝမ်းဗိုက် စတဲ့နေရာမှာ ကိုက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်ခင်အုံးကြည်က “ကျမတို့ဆီ ရောက်လာတဲ့ လူနာတွေက များတယ်။ အဲထဲမှာမှ နောက်ဆုံးအဆင့်နဲ့ လာတာမဟုတ်ရင် အကုန်သက်သာတယ်။ အဲလိုသေဆုံးသွားတယ်ဆိုတာက နောက်ဆုံးအဆင့် အရမ်းအခြေအနေဆိုးမှ ရောက်လာလို့ ကယ်လို့ မရတော့တာ” လို့ ပြောပါတယ်။

ကမျဉ်းနီ ကိုက်ခံရရင် ခေါင်းကိုက်တာ၊ မူးဝေတာ၊ ချမ်းတုန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းဗိုက် နာတာနဲ့ အန်တာ စတဲ့လက္ခဏာတွေ ဖြစ်တတ်ပြီး ၃ ရက်အထက် အဖျား မကျရင် ခန္ဓာကိုယ်‌ပေါ် အကောင် ကိုက်ခံထားရတာ ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုအပ်ကြောင်းလည်း သူမက ဆက်ပြောပါတယ်။

ကမျဉ်းနီကောင်ဟာ အိမ်မွေးတိရိစ္ဆာန်၊ စိုက်ပျိုးရေးခြံ၊ မြက်ခင်း၊ ကောက်ရိုးပုံနဲ့ ပြောင်းဖူးခင်း စတဲ့နေရာမှာ ခိုအောင်းနေထိုင်တတ်တယ်လို့လည်း ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်နဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းမှာလည်း နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာ ကမျဉ်းနီကောင် ကိုက်ခံရပြီး သေဆုံးသွားသူ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် ရွှေဖီမြေက သတင်းအချက်အလက် အတည်ပြုချက် မရခဲ့ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။