ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဇန်နဝါရီ ၂ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေး အင်အားစုရဲ့ နာမည်တွေ သုံးပြီး ငွေ​ လိုက်လံ လိမ်လည်နေသူ အမျိုးသား ၉ ဦးကို ဖမ်းမိခဲ့ပါတယ်။

အဲဒီအမျိုးသား ၉ ဦးကို ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း- NSSAA က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၎င်းတို့ကို TNLA ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

“ဖမ်းမိထားတဲ့သူတွေကို တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့ဆီ အပ်လိုက်ပြီ။ ပြီးခဲ့တဲ့ အပတ်က ဓားပြတိုက်မှုနဲ့ ဆိုင်မဆိုင်တော့ မသိသေးဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီအမျိုးသား ၉ ဦးထဲမှ ၃ ဦးဟာ TNLA တပ်ဖွဲ့ရဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ထဲကဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပြီး အတည်ပြုနိုင်ဖို့ ရွှေဖီမြေက PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“TNLA ရဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ ပါတယ်လို့ သိထားရတယ်။ သုံးယောက် ပါတယ်။ အခု NSSAA က TNLA ကို လွှဲထားတယ်။ စစ်ချက် အသေးစိတ်တော့ မထွက်သေးဘူး” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က မိုးကုတ်မြို့နယ် ၇ မိုင်ရွာက နေအိမ်တစ်ခုမှာ ဓားပြ ဝင်တိုက်ခံရပြီး အဲဒီအမှုဟာ လက်ရှိ ဖမ်းဆီးထားတဲ့ ၉ ဦးနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တယား လည်ပတ်နေသလို လေကြောင်း စိုးရိမ်ချက်ကြောင့်ဆိုပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းလည်း ပိတ်ပင်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။