ဓာတ်ပုံ- Google (ပုံဟောင်း)

ပို့လဘား၊ ဇန်နဝါရီ ၈ ရက်၊ မိတ္ထီလာ

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ စစ်ကောင်စီတပ်က လူငယ်ပိုင်းတွေကို စစ်မှုထမ်း ခေါ်နေပြီး မသွားတဲ့ အိမ်တွေဆီကနေ ငွေတောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် နယ်မြေ ၁၊ ၂၊ ၃ မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ် ၆၂ ဦးကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် အုပ်ထိန်းသူတွေကို အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

“စစ်မှု မထမ်းတဲ့သူတွေကို ပိုက်ဆံတစ်သိန်း ကောက်တာပေါ့။ သွားတဲ့လူကတော့ မရှိသေးဘူး။ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ပိုက်ဆံ လာကောက်တော့ ပိုက်ဆံဘဲ ပေးကြတာပေါ့‌ေနာ်။ ကျနော်တို့ပေးတဲ့ ပိုက်ဆံတွေကို လူငှားပြီး စစ်မှု ထမ်းမယ့်သူတွေ ပေးမယ်ပေါ့။ သူတို့ကို သွားခိုင်းမယ်ဆိုပြီး တာဝန်ရှိသူတစ်ဦးက အဲလိုမျိုး ပြောသွားတယ်။ တချို့သူတွေကလည်း အဆင်မပြေသေးဘူး။ ခဏ စောင့်ပေးပါဆိုပြီး ပြောတယ်။ သူတို့က နောက်တခါမှ ပြန်လာကောက်မယ်ဆိုပြီး ပြောတယ်”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်က လူငယ် ၆၂ ဦးရဲ့ မိဘတွေကို အစည်းအဝေး ခေါ်ယူပြီး ဇန်နဝါရီ ၅ ရက်မှာ‌ေတာ့ ငွေ လာတောင်းတာလို့ ဆိုပါတယ်။

နိုင်ငံအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဖို့အတွက် ၎င်းတို့ ထိန်းချုပ်ထားတဲ့ နေရာမှာ အသက်ပြည့်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းတာနဲ့ ပေါ်တာ ဆွဲတာတွေ မကြာခဏ ပြုလုပ်နေပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ်(၈)အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ်တစ်ခုကို သင်တန်းသားဦးရေ ၅ ထောင်အထိ သတ်မှတ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။