ဓာတ်ပုံ – Ko Linn

လွေးထွေး၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မြဝတီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် ဒေသခံတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ စက်သုံးဆီအတွက် တန်းစီပြီး သွားရောက် ဝယ်ယူနေရတယ်လို့ မြဝတီမြို့ခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကတည်းက ကျားဖျန့်တွေ အခြေချတဲ့ မြဝတီမြို့ထဲ ထိုင်းဘက်က လျှပ်စစ်မီးနဲ့ စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် မြဝတီမြို့က ဆီဆိုင်တွေမှာ ဆီပြတ်လပ်နေသလို နေရာတချို့မှာတော့ ဈေးကြီးကြီးနဲ့ ပေးဝယ်နေရပါတယ်။

“ဆိုင်ကယ်သမားတွေက ဒီမှာ ဝယ်လို့ ရသေးတယ်။ နေရာတချို့မှာဘဲ အလုအယက် မတန်မရာ ပေးပြီး ထည့်ကြတာဘဲ။ ကားတော့ ထိုင်းဘက် သွားထည့်ကြတာပေါ့”

ကားတွေဟာ ထိုင်းဘက်ခြမ်းအထိ တိုင်ဂီအပြည့် သွားထည့်တာ ရှိပေမဲ့ ပုံး၊ ဂါလံနဲ့ မြဝတီဘက် ပြန်သည်လာခွင့် မရှိကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီ သွားရောက် ဝယ်ယူတဲ့ ‌‌ယာဉ်တွေ များတာကြောင့် ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားပေါ် ဒီနေ့မနက် ၉ နာရီခန့်အထိ ယာဉ်တွေ ပိတ်ဆို့နေပါတယ်။

မြဝတီမြို့ထဲ ထိုင်းက စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်တဲ့ တစ်ပတ်နီးပါးအတွင်း ဓာတ်ဆီ၊ ဒီဇယ် တစ်လီတာကို ၁ သောင်းခွဲ ဝန်းကျင်အထိ မြှင့်တက်လာသလို နေရာတချို့မှာတော့ ဆီ ပြတ်လပ်နေပါတယ်။

မြဝတီမှာ ဖေဖော်ဝါရီ ၄ ရက်အထိတော့ စက်သုံးဆီ တစ်လီတာ ၆ ထောင်ကျပ်ခန့်သာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ထိုင်းကနေ မြဝတီမြို့ဘက် ရောင်းဖို့ စက်သုံးဆီ ခိုးသယ်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းအမျိုးသားနဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။