မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၉ ရက်၊ ၁၀၅ မိုင်

တရုတ်နှစ်သစ်ကူးအတွင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်လမ်း ပြန်ဖွင့်‌နေပြီလို့ စုံစမ်းသိရှိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီ ပိတ်ပင်ထားတဲ့ ၁၀၅ မိုင်နဲ့ မူဆယ်မြို့လမ်းကို တရုတ်နှစ်သစ်ကူးအတွင်း ဖွင့်ပေးမှာဖြစ်တယ်လို့ ၁၀၅ မိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ရွာကလူတွေက သူတို့ မူဆယ်မှာနေပြီး အိမ်ကို ပြန်လာလည်တာ။ ကားရော ဆိုင်ကယ်ရော အကုန်သွားလို့ ရတယ်တဲ့။ စစ်ဆေးမေးမြန်းတာတွေတော့ ရှိတယ်”

နောက်ထပ် အမျိုးသားတစ်ဦးကတော့ ၁၀၅ မိုင်နဲ့ မူဆယ်မြို့လမ်းပိုင်းကို နှစ်သစ်ကူး မတိုင်ခင်ကလည်း စစ်တပ်က ဖွင့်ထားပေမဲ့ ကားအမျိုးအစားပေါ် မူတည်ပြီး ငွေသိန်းနဲ့ချီ တောင်းတာတွေ ရှိတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“အဲ့လမ်းက အရင်ကတည်းက သွားတာ။ ကုန်ပါတဲ့ ကားတွေဆိုရင် သိပ်မသွားဖြစ်ဘူး။ အဲဘက်မှာ သူတို့က ပိုက်ဆံ တောင်းတာ‌များတော့ ဘယ်သူမှ မသွားဖြစ်ဘူး။ အိမ်စီးကားတွေ‌ လက်ဖက်‌ရည်ဖိုးပေးပြီးသွားလို့ရတယ်”

ကုန်တင်ကားတွေဟာ ကုန်အနည်းငယ်သာ တင်ရင်လည်း ကားတစ်စီးကို အနည်းဆုံး ၂ သိန်းကနေ ၃ သိန်းအထိ စစ်ကောင်စီက တောင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။

မူဆယ်မြို့အထွက်မှာ စစ်တပ်က ခံစစ် ပြင်ဆင်ထားတာကြောင့် သွားလာခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပြီး မိုင်းလည်း မကြာခဏ ပေါက်ကွဲတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။