ဓာတ်ပုံ- Local

အင်းငယ်၊ မတ်လ ၁၂ ရက်

ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းနဲ့ ဒေသအများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေကြပြီး ဆေး မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေး လှုပ်ရှားဆောင်ရွက်နေကြသူတွေက ပြောပါတယ်။

ကရင်နီပြည်ရှိ ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ကရင်နီ-ထိုင်းနယ်စပ်တစ်လျှောက်က စစ်ဘေးရှောင်စခန်းမှာ ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါ ဖြစ်ပွားလာကြတာလို့ ဆိုပါတယ်။

ဖရူဆိုဒေသခံ စစ်ဘေးရှောင်တစ်ဦးက “ကလေးဖြစ်တာက ပိုများတယ်။ သူတို့ကျတော့ အချင်းချင်း ဆော့ကြတာ များတော့ ကူးတယ်လေ။ ဆေးခန်းတွေဘာတွေဆိုတာလည်း အနာနဲ့ဆေး မတည့်တော့ မပြကြတော့ဘူး။ ဆေးလည်း ခက်ခဲတယ်လေ။ ကလေးတွေလည်း ညည ထငိုတော့ အကုန်လုံး အိပ်ရေး ပျက်ကြတာပေါ့။ အဲဒါမျိုးလေးတွေ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလပိုင်းကတည်းက ကရင်နီပြည်မှာ အရေပြားရောဂါ စတင်ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် လမ်းကြောင်း ပိတ်ဆို့နေတာ၊ ဆေးသယ်ယူခွင့် မပြုတာ၊ နယ်စပ်ကဝင်တဲ့ ဆေးအရေအတွက်နဲ့ ရောဂါဖြစ်ပွားနေသူ အချိုးအစား မမျှတတာ စတာတွေကြောင့် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ အချက်အလက်တွေအရ ၆ လအရွယ် ကလေးကနေ မူလတန်းအရွယ်အထိ အများဆုံးဖြစ်ပြီး တစ်အိမ်မှာ လူတစ်ဦး ကူးစက်ခံရရုံနဲ့ ကျန်တဲ့ မိသားစုအားလုံး ထပ်မံ ကူးစက်တတ်တာကြောင့် စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုပါတယ်။

ဒီးမော့ဆိုရှိ အသက် ၄၀ အရွယ် စစ်ဘေးရှောင်တာဝန်ခံ အမျိုးသမီးတစ်ဦးက “အဓိက ကြုံရတဲ့ ရေပြဿနာကို ဖြေရှင်းနိုင်ရင်တော့ ဒါလည်း အလိုလို ရှင်းပြီးသား ဖြစ်သွားမှာပါ။ ရေပြဿနာကလည်း မလွယ်ဘူးလေ။ ကျနော်တို့ ကရင်နီပြည်မှာ ရေရှားတာတော့ ပုံမှန်ပဲ။ အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ လူတွေကလည်း များလာတယ်လို့ ရေက မလောက်တော့ဘူးလေ။ အဲတော့ ရှိတဲ့နေရာ ရှာခပ်တာတွေ၊ ကြုံသလို ထည့်ရတာတွေနဲ့ဆိုတော့ ဖြစ်ကြတာပေါ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပေမဲ့ ဒါမျိုး ကြုံလာရရင် တိုင်ပတ်တာပေါ့” လို့ ပြောပါတယ်။

ကရင်နီပြည်တွင်းမှာ ရွေ့လျားဆေးခန်း (Mobile Clinic) ရှိကြပေမဲ့ အရေးပေါ် ကုသနည်းအတွက်သာ အသုံးတည့်ပြီး တခြားရောဂါတွေကို ပါရာစီတမော၊ စီထရင်း၊ အမောက်ဆီလင်သာ ပေးနေတာကြောင့် အရေပြားရောဂါအတွက် အသုံးတည့်မဲ့ဆေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အလားတူ ရှမ်းတောင် ရှမ်း-ကရင်နီအစပ်က ဖယ်ခုံနဲ့ ရှမ်းတောင် ရွာငံမြို့နယ်က စစ်ဘေးရှောင်စခန်းမှာလည်း ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါ ဖြစ်ပွားနေကြပြီး ကူညီပေးကြဖို့ ထောက်ပို့တာဝန်ခံတွေက အကူအညီတောင်းခံထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။