မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၅ ရက်၊ ကွတ်ခိုင်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ရှိ နမ့်မောရေချောင်းဟာ မိုးပြင်းထန်စွာရွာသွန်းပြီးတဲ့နောက် ရေမြင့်တက်လာကာ ချောင်းအနီးမှာရှိတဲ့ လယ်ယာတွေထဲထိ ရေဝင်လာတာကြောင့် ရိပ်သိမ်းထားတဲ့ စပါးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးတီကနေ သိရပါတယ်။
နမ့်မောချောင်းအနီးမှာရှိတဲ့ နမ့်ဖက်ကာ၊ လောခွမ်၊ ဟိုမောကြားမှာရှိတဲ့ လယ်ကွက်အများစုထဲထိ ရေမြင့်တက်လာတာဖြစ်တယ်လို့ ဒီနေ့ နိုင်ဝင်ဘာ ၅ ရက်မှာ သတင်းပေးပို့လာတာ ဖြစ်ပါတယ်။
“လယ်ဧကကျတော့ ဘယ်လောက်ရှိလဲဆိုတာတော့ မပြောတတ်ဘူးကော။ နမ့်ဖက်ကာကနေ ဟိုလယ်တွေဆုံးတဲ့အထိပေါ့။ နမ့်မောချောင်းဘေးမှာရှိတဲ့ လယ်တွေ တော်တော်များများ ပျက်စီးသွားတယ်”
အဲဒီရေတွေ မြင့်တက်လာတာကြောင့် ဒေသခံတွေ ရိပ်သိမ်းထားတဲ့ စပါးအများအပြားကို ဆုံးရှုံးကြရပါတယ်။
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းပြီးတဲ့နောက်ပိုင်း မြေနိမ့်ပိုင်းတွေမှာ ရေမြင့်တက်တာ၊ ရေချောင်းတွေမြင့်တက်လာတာ၊ လမ်းပျက်ဆီးတာ၊ စပါးတွေ ပျက်စီးတာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။