ဓာတ်ပုံ- Local (မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံနေအိမ်တွေ)

မြတ်နိုး၊ မတ်လ ၁၅ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာကနေ ရှဒူးဇွပ်ရွာဘက် ချီတက်လာတဲ့ ဝါရာဇွပ် ပြည်သူ့စစ် စစ်ကြောင်းကို မနေ့ မတ်လ ၁၄ ရက် မနက် ၇ နာရီခန့်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှု ရှိကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဝါရာဇွပ် ပြည်သူ့စစ် အင်အား ၅၀ လောက်ကို မိုင်းဆွဲတိုက်ခိုက်တာ။ ၁၀ ယောက်ကျော် သေတယ်လို့ သိရတယ်။ လေယာဉ်နဲ့လည်း ဗုံး လာကြဲတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်က ‌ဝါရာဇွပ်ရွာဘက် လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကမနက် ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ ထိခိုက်တာ များသွားလို့ နေမယ်။ ဝါရာဇွပ်ရွာက ဒေသခံတွေရဲ့ နေအိမ် ၁၆ အိမ် မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ်က မနက်အစောပိုင်းကတည်းက ရွာဘက် ဝင်ရောက်သွားခဲ့တာလို့ သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဝါရာဇွပ်ရွာနဲ့ ကပ်လျက်ရှိတဲ့ နမ်ဆိုင်ရွာဘက်လည်း မနေ့က လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပေမဲ့ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မနေ့မနက် ၇ နာရီခန့်က ဝါရာဇွပ်ရွာနဲ့ နမ်ဆိုင်အနီးက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဝါရာဇွပ်ရွာမှာရှိတဲ့ ဒေသခံလူထုတွေက ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကြိုတင် တိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။