ဓာတ်ပုံ – ရွှေဖီမြေ

မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၁၆ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့က ဒေသခံ ထက်ဝက်ကျော်ဟာ မြို့ကနေ အခြားနေရာဒေသဘက်ကို နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ TNLA က မိုးကုတ်မြို့ကနေ ပြန်လည်စွန့်ခွာသွားမှာဖြစ်ပြီး မြို့ထဲကို စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုတဲ့အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “မြို့ခံ ၆၀ ရာခိုင်နှုန်း​​လောက်က ပြေးကုန်ကြပြီ။ ကျန်တဲ့သူတွေက ကျောက်တူးတဲ့သူတွေ၊ ကျောက်လုပ်သမားတွေပဲ ကျန်တော့မှာ” လို့ ပြောပါတယ်။

မြို့ခံတွေဟာ တအာင်းတပ် ထိန်းချုပ်ရာ နမ့်ဆန်နဲ့ စစ်ကောင်စီထိန်းချုပ်ရာ ကျောက်မဲမြို့၊ မန္တလေးမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာလို့ သိရပါတယ်။

​မိုးကုတ် မြို့ခံ အမျိုးသမီးတစ်ဦးက “ထွက်ပြေးကြတဲ့သူတွေ ထွက်ပြေးကြပါပြီ။ ကျောက်မဲမှာတောင် ကားအစီး ၅၀၀ လောက်ပိတ်တယ်လို့ ပြောကြတာပဲ” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒါပေမယ့် မိုးကုတ်မြို့ကနေ ကျောက်မဲမြို့ကို တိမ်းရှောင်ကြတဲ့ တအာင်း (ပလောင်) လူမျိုးတွေကို စစ်ကောင်စီတပ်ဘက်က ကျောက်မဲမြို့ထဲကို ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မြို့ကနေ တအာင်းတပ် – PSLF/TNLA က ပြန်လည် ဆုတ်ခွာသွားမယ်လို့ သိရပေမယ့် မြို့ကို မိုးကုတ်ဗျူဟာတပ်၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်တို့က မြို့မကျရေးအတွက် ဆက်လက်ခုခံသွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။