ဓာတ်ပုံ- PNLA

မိုင်းရူပ၊ ဇန်နဝါရီ ၁၃ ရက်

ရှမ်းတောင်မှာ ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်တဲ့ မြို့နယ် ၇ ခုထဲ ၁ နှစ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၅,၆၀၀ ကျော် ပြုလုပ်ခဲ့ရာ အရပ်သား ၁၂၇ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ စာရင်းအရ သိရပါတယ်။

ဒီအချက်အလက်တွေဟာ ရှမ်းတောင် ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဟိုပုံး၊ မောက်မယ်၊ လွိုင်လင်နဲ့ ဖယ်ခုံ စတဲ့မြို့နယ်မှာ အချက်အလက် ကောက်ယူထားတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှု ၅၀၀ ကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၅,၁၈၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သား သေဆုံးမှုတွေထဲ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ဒရုန်း၊ မြေမြှုပ်မိုင်းနဲ့ သတ်ဖြတ်ခံရတာတွေ ပါဝင်ပြီး PYO က ရရှိထားတဲ့ စာရင်းအရ သေဆုံးသူတွေထဲ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၁၆ ဦး၊ ကလေးငယ် ၁၆ ဦးနဲ့ ကျား မ အတည်မပြုနိုင်သူ ၆ ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းတောင်ရှိ မြို့နယ် ၇ ခုမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၆ သောင်းခွဲအထိ ရှိနေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေဟာ အခြေခံ လိုအပ်ချက်တွေအတွက် စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်။ စစ်ရှောင်လာတာ ကြလာတဲ့အမျှ စားဝတ်နေရေး၊ ကျန်းမာရေးတွေကအစ အစစအရာရာ ကြပ်တည်းလာတယ်”

ဒီအချက်အလက်ဟာ PYO က မြေပြင်မှာ ဖြစ်ပွားနေတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းတာ၊ နေ့စဥ် သတင်းဖော်ပြမှုတွေကို လေ့လာတာနဲ့ အင်တာဗျူးကနေတဆင့် အချက်အလက်တွေကို ကောက်ယူတာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။

ရှမ်းတောင်မှာ စစ်တပ်၊ ပအိုဝ်းပြည်သူ့စစ်- PNO နဲ့ ကရင်နီ တော်လှန်ရေးအင်အားစု၊ ပအိုဝ်း တပ်မတော်- PNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။