ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁ ရက်၊ မိုင်းရယ်

စစ်ကောင်စီတပ် အုပ်ချုပ်နေတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့အထွက်က ဂိတ်တစ်ခုမှာ ကုန်ကားတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် မပေးတာကြောင့် ကား အစီးရေ ၅၀ ကျော် ပိတ်မိနေတယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့အထိ ပေးမဖြတ်ပဲ ပိတ်ထားတာ‌ကြောင့် ကုန်ကားတွေက ပိတ်မိပြီး ကားသမားတွေ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

“သံတိုသံစတင်လာတဲ့ ကားသမားတွေ တခြားပစ္စည်းတင်တဲ့ကားတွေ အများကြီးဘဲ။ လမ်းမဖွင့်ပေးလို့ လမ်းမှာ ဒုက္ခရောက်နေကြတယ်။ ပိတ်မယ်ဆိုတဲ့အကြောင်းကို ဘာတစ်ခုမှ မပြောဘဲ ပိတ်ချလိုက်တဲ့အတွက် အရမ်းကို ဒုက္ခရောက်နေတယ်။ ဖွင့်ပေးမယ်ဆိုပြီး အခုချိန်ထိ မဖွင့်ပေးသေးဘူး။ မရှိတဲ့ကြားက ရင်းနှီးထားတဲ့ အရင်းအနှီးတွေလည်း ဘာမှမရှိတော့ဘူး” လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။

ကန့်သတ်ကုန် မသယ်တဲ့ ကုန်ကားတွေကို လွှတ်ပေးသင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ တလောကမှ တရာဝင်အခွန်တွေဆိုပြီး ကွင်းဆင်းပြီး ကောက်တာ။ ဖြစ်စေချင်တာက သူတို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေပါတယ်ဆိုရင်လည်း စစ်ပြီး တားထားပေါ့။ မပါတဲ့ တချို့ကုန်ကားတွေကျတော့ ပေးဖြတ်လေနော်။ တရားဝင်ကုန်ကားတွေလည်း ရောနှောပြီးတော့ တားထားတာကျတော့ အဆင်မပြေဘူး”

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမအပတ်မှာလည်း စစ်ကောင်စီတပ်က တရုတ်ဘက်က တင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကို မိုင်းရယ်မြို့ထဲသို့ ပေးမဖြတ်ဘူးလို့ သိရပါတယ်။

မိုင်းရယ်မြို့အဝင်အထွက်က စစ်ကောင်စီတပ်ရဲ့ အဲဒီဂိတ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ဂိတ်လုံခြုံရေးအတွက်ဆိုပြီး ကုန်ကားသမားတွေထံ ငွေကြေးအဆမတန် ကောက်ခံတာတွေ ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။