ဓာတ်ပုံ – MMT

မြတ်နိုး၊ မတ်လ ၂၁ ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ နွံကန်ပေါက်ရာကနေ နမ့်မှော်ရွာက နေအိမ်တချို့ နွံမြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အပျက်အစီးတော့ မရှိဘူးဗျ။ လူထိခိုက်မှုလည်း မရှိဘူးဗျ။ လောလောဆယ် အိမ်တွေတော့ နည်းနည်းမြုပ် သွားတယ်ဗျ။ အနိမ့်ပိုင်းတွေက မလွတ်ဘူး။ အိမ်ခြေ ၅၀ ကျော် နွံတွေ ဝင်သွားတယ်။ လက်ရှိတော့ နွံတွေ မစီးတော့ပါဘူး။ ရပ်သွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၄ ရာကျော်ရှိတဲ့ နမ့်မှော်ရွာထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေပြီး အဲဒေသမှာ ကျောက်လုပ်ကွက်တွေ ရှိနေသေးသ၍ အခုလို အန္တရာယ်တွေက ဆက်လက်ဖြစ်လာနိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အခုလို နွံကန်ကြီးတွေ အများအပြားရှိနေတာကြောင့် မိုးရာသီအတွက် ပိုပြီးစိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။