ဓာတ်ပုံ – MMT

မြတ်နိုး၊ မတ်လ ၂၁ ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာမှာ ဒီနေ့ မတ်လ ၂၁ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ နွံကန်ပေါက်ရာကနေ နမ့်မှော်ရွာက နေအိမ်တချို့ နွံမြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အပျက်အစီးတော့ မရှိဘူးဗျ။ လူထိခိုက်မှုလည်း မရှိဘူးဗျ။ လောလောဆယ် အိမ်တွေတော့ နည်းနည်းမြုပ် သွားတယ်ဗျ။ အနိမ့်ပိုင်းတွေက မလွတ်ဘူး။ အိမ်ခြေ ၅၀ ကျော် နွံတွေ ဝင်သွားတယ်။ လက်ရှိတော့ နွံတွေ မစီးတော့ပါဘူး။ ရပ်သွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၄ ရာကျော်ရှိတဲ့ နမ့်မှော်ရွာထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေပြီး အဲဒေသမှာ ကျောက်လုပ်ကွက်တွေ ရှိနေသေးသ၍ အခုလို အန္တရာယ်တွေက ဆက်လက်ဖြစ်လာနိုင်သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အခုလို နွံကန်ကြီးတွေ အများအပြားရှိနေတာကြောင့် မိုးရာသီအတွက် ပိုပြီးစိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။