ဓာတ်ပုံ- CJ

လွေးဇွန်မိုး၊ ဧပြီ ၃ ရက်၊ ကလော

ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ရှမ်းတောင် ကလောမြို့နယ်က နေအိမ် ၇၄ အိမ်နဲ့ မန္တလေးတိုင်း သာစည်မြို့နယ်က နေအိမ် ၁၀၀ ကျော်အတွက် အကူအညီ မရသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကလောမြို့နယ် သူရဲကျေးရွာအုပ်စု ပိန္နဲပင်ရွာက နေအိမ် ၆၅ လုံး၊ တောင်နီရွာက နေအိမ် ၇ လုံး၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု တောင်ပဲ့ရွာက နေအိမ် ၁၅ လုံးနဲ့ သမိုင်းဝင် ရွှေမင်းဖုန်းစေတီတော်နဲ့ ရွှေမင်းဖုန်း ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့တယ်လို့ တောင်ပဲ့ရွာမှာ သီတင်းသုံးနေတဲ့ ဦးဇင်း အရှင်ပဏ္ဍိတ က​မိန့်ပါတယ်။

“ရွှေမင်းဖုန်းရွာက အိမ်တော့ အပျက်အစီး မရှိဘူး။ ရွှေမင်းဖုန်း ရှေးဟောင်းသမိုင်းဝင် စေတီတော်က ကျောင်းအသုံးအဆောင် ပစ္စည်းနဲ့ စေတီပုထိုးတွေ တော်တော်များများ ပျက်စီးတယ်။ အလှူရှင်တွေက ဒီဘက် မရောက်လာသေးဘူး။ အခြားရွာက အိမ်ပျက်စီးသွားတဲ့လူတွေက သူတို့ဆွေမျိုးအိမ်မှာပဲ နေကြတာလေ”

အလားတူ မန္တလေးတိုင်း သာစည်မြို့နယ် ဆင်တောင်ကျေးရွာအုပ်စု စေတီတောင်ရွာက နေအိမ် ၁၀၀ ကျော် ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ နေအိမ် ပျက်စီးသွားတဲ့ ဒေသခံတွေဟာ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အစ်မ သိရသလောက်ကတော့ အဖွဲ့တွေ အများကြီးတော့ လာမလှူသေးဘူး။ ကလောမြို့က စာရေးမကတော့ စာရင်းတွေ ကောက်ခိုင်းတယ်။ လှူမယ်လို့ ပြောတာပေါ့နော်။ ဒါပေမဲ့ အခုချိန်အထိ အလှူရပြီလား မရသေးဘူးလား ကောင်းကောင်း မသိရသေးဘူး။ တချို့က ဘုန်းကြီးကျောင်းတွေမှာ တည်းကြတယ်။ တချို့က အမျိုးအိမ်တွေမှာ တချို့က ကားရှိတဲ့သူတွေလည်း ကားပေါ်မှာပဲ အိပ်နေကြတယ်”

ကလောနဲ့ သာစည်မှာ လူနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ဧပြီ ၃ ရက် မနက် ၈ နာရီအထိ သေဆုံးသူ ၃,၀၈၅ ဦး ရှိလာပြီး ဒဏ်ရာရသူ ၄,၇၁၅ ဦး ရှိလာပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။