လွေးဇွန်မိုး၊ နိုဝင်ဘာ ၁၁ ရက်၊ ပင်းတယ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ဖမ်းဆီးသွားတဲ့ ရှမ်းတောင် ဓနုဒေသ ပင်းတယမြို့နယ်ထဲက လူငယ်အမျိုးသား ၂၀ ကျော်ကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကစပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိုင်းအင်၊ ဆင်ကျုံး၊ အိုးကုန်း၊ ကျောက်ပလ္လင်၊ တောင်ပု၊ မြေနီကုန်း စတဲ့ကျေးရွာက အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂၄ ဦးကို RCSS က ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ဖမ်းသွားတဲ့လူတွေက ဘယ်ရောက်မှန်း မသိတော့ဘူး။ လိုက်လို့လည်း မရတော့ဘူးတဲ့။ (RCSS တပ်က) ထမင်းဆိုင်မှာ ခေါ်တွေ့တယ်။ ထမင်းတွေဘာတွေ ကျွေးရတယ်။ ထမင်းတွေပဲ စားပြီးတော့(ဖမ်းဆီးခံရသူတွေ) ဘယ်ရောက်လို့ ဘယ်နားမှန်းလည်း မသိဘူး။ အထက်လူကြီး အထက်လူကြီး အဲလိုပဲ ပြောနေတယ်တဲ့။ သူတို့ဖမ်းသွားတဲ့အချိန် ထွက်ပြေးသွားတာ တစ်ယောက် ရှိတယ်လေ။ သူက လွှတ်သွားတာလား မသိဘူး။ သေနတ်နဲ့ ၁၀ ချက်လောက် လိုက်ပစ်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ လွှတ်သွားတယ်ထင်တယ်။ ဒဏ်ရာ ရမရတော့ မသိဘူး”

ထွက်ပြေးသွားတဲ့ အမျိုးသားတစ်ဦးရဲ့နေအိမ်ကို RCSS တပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ လာရောက် ချိတ်ပိတ်သွားခဲ့ပြီး RCSS ချိတ်ပိတ်သွားတဲ့နေအိမ်ကို စစ်တပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ လာဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေကိုလည်း RCSS တပ်က ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ရပ်စောက်က ဗထူးတပ်ရဲ့ အကူအညီ တောင်းမှုကြောင့် RCSS တပ်က ပင်းတယမြို့နယ် မိုင်းအင်ရွာအဝင်မှာ လုံခြုံရေးအတွက်ဆိုပြီး လာရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ရပ်စောက်မြို့နယ် လှည်းတိုးရွာကနေ ပင်းတယမြို့နယ် မိုင်အင်ရွာဘက်လာတဲ့ ၂၃ နှစ်အရွယ် ကိုရဲဝင်းနိုင်ကို မိုင်းအင်ရွာအဝင်ရှိ RCSS ရဲ့ စစ်ဆေးရေးဂိတ်က ကား တားရာမှာ ကားမရပ်လို့ဆိုပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။