ပျားကြီး၊ ဧပြီ ၄ ရက်၊ မန္တလေး

အမရပူရမြို့နယ် ရတနာ့ဂူ ကိုယ်ရံတော်ဗလီ ပြိုကျမှုမှာ သေဆုံးသူ ရုပ်အလောင်း ၁,၁၀၀ ကျော် ရရှိထားပြီး ရှာဖွေဖို့ ကျန်နေသေးသူတွေလည်း အများစု ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ဗလီ ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး ဝတ်ပြုဆုတောင်းနေသူအားလုံး ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

“တစ်ယောက်ချင်း သင်္ဂြိုလ်ဖို့ မဖြစ်နိုင်တော့လို့ ကွင်းပြင်မှာပဲ ယောကျာ်းသပ်သပ်၊ မိန်းမသပ်သပ်၊ ကလေးသပ်သပ်ခွဲပြီး တန်းစီသင်္ဂြိုလ်လိုက်ရတာ” လို့ ဒေသခံ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ဝတ်ပြုဆုတောင်းဆောင် ၅ ဆောင်ရှိပြီး တစ်ဆောင်ချင်းစီမှာ လူပေါင်း ၅၀၀ အထိတစ်ပြိုင်နက်တည်း ဝတ်ပြုဆုတောင်းနိုင်တဲ့ ကိုယ်ရံတော် ဗလီအတွင်း ငလျင်လှုပ်ခတ်ချိန်မှာ အဆောင် ၁ ခုမှာ ဝတ်ပြုနေသူ ၃၀၀ ကနေ ၄၀၀ ကြားအထိ ရှိနိုင်တယ်လို့ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေက ခန့်မှန်းထားကြပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့မှာ ဘာသာရေးအဆောက်အဦးအပါအဝင် အဆောက်အဦးပေါင်း ၂ ထောင်နီးပါး ပြိုကျပျက်စီးခဲ့ပြီး ဧပြီ ၃ ရက် ညပိုင်းအထိ ရရှိထားတဲ့ အချက်အလက်အရ သေဆုံးသူ ၃ ထောင်နီးပါးအထိ ရှိလာတယ်လို့ ဒေသခံ ပရဟိတအသင်းခေါင်းဆောင်တစ်ဦးက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။